Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
၂၃:၁–၂ မင်းတိုင်ပင်အမတ်များ ပါဝင်သော လွှတ်တော်အမတ်များရှေ့သို့ ပေါလု ရောက်ရှိသောအခါ စိတ်နှလု့းတည်ငြိမ်စွာဖြင့် သူသည်ဘာသာတရားကြည်ညိုလေးစားသော လူကြီးလူကောင်းဖြစ်ကြောင်း ရှင်းပြသည်။ ထိုစကားကို ကြားသောအခါ ယဇ်ပုရောဟိတ်ကြီးအာနနိ စိတ်ဆိုးသည်။ ယုဒဘာသာမှ ခရစ်ယာန်ဘာသာသို့ ကူပြောင်းသူတစ်ယောက်က ဘာသာတရားကိုင်းရှိုင်းသည်ဟု ပြေရကောင်းသလား၊ ယုဒဘာသာကို စော်ကားခြင်းဖြစ်သည်ဟု ခံယူသည်။ ထို့ကြောင့် ထိုစကားကို ပြောသောပါးစပ်ပေါက်အား ရိုက်ခိုင်းသည်။ ခုံသမာဓိလူကြီးမင်းများရှေ့မှာ ထိုသို့ပြုမူခြင်းသည် မင်းမဲ့စရိုက် လူမိုက်တရားဖြစ်သည်။...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
တမန်တော်ဝတ္ထု, ဓမ္မသစ်ကျမ်း
-
၂၄:၁ ငါးရက်ကြာသောအခါ ယဇ်ပုရောဟိတ်ကြီး အာနနိနှင့်မင်းတိုင်ပင်အမတ်များ ကဲသရိသို့ ရောက်ရှိလာကြသည်။ ဆွဲချရှေ့နေအဖြစ် ရောမ အစိုးရရှေ့နေ တေရတုလုကိုလည်း ငှားရမ်းခေါ်ဆောင်လာသည်။ ထိုရှေ့နေသည် ဖေလဇ်မင်းဘက်မှ ရပ်တည်၍ ပေါလုအား စွဲချက်ကောင်းကောင်းတင်ရမည်။ ၂၄:၂–၄ ရှေ့နေကြီး တေရတုလုသည် အမှုကြီးစေရန် ဖေလဇ်မင်းအား မြှောက်ထိုးပင့်ကော် ပြောရသည်။ တရားဓမ္မ၏လေးနက်ပုံကို ဋီကာချဲ့စကားဖောင်ဖွဲ့သည်။ ဖေလ်ဇ်မင်းသည် အာဏာဖီဆန်သူများနှင့် လူထုအထိကရုဏ်းဖြစ်အောင် လုပ်သူများကို တရားကျကျစီရင်လေ့ရှိကြောင်း၊...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
တမန်တော်ဝတ္ထု, ဓမ္မသစ်ကျမ်း
-
၂၅:၁ ပေါတိဖေတ္ထုသည် ရောမအင်ပါယာဧကရာဇ် နေရူးက အေဒီ ၆၀ ခုနှစ်တွင် ယုဒပြည်အားအုပ်ချုပ်ရန် ခန့်ထားခြင်းဖြစ်သည်။ ကဲသရိမြို့သည် ရောမအင်ပါယာ ရှုရိပြည်တွင် နိုင်ငံရေးအရ အချက်အချာကြသော နေရာဖြစ်သည်။ ယုဒပြည်သည် ထိုရှုရိပြန်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ (၃)ရက်ကြာသောအခါ ပေါတိဖေတ္တုရောက်ရှိလျက် ရုံးထိုင်စိုးစံသည်။ ဘာသာရေးဆရာကြီးများသည် ဖေတ္တုထံ ဝိုင်းအုံရောက်ရှိလာကြပြီး ပေါလုအား စွဲချက်တင်ကြသည်။ ၂၅:၂–၃ ပေါလု ထောင်နန်းစံသည်မှာ (၂)နှစ်ကြာညောင်းသော်လည်း...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
တမန်တော်ဝတ္ထု, ဓမ္မသစ်ကျမ်း