Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • တိမောသေသြဝါဒဒုတိယစောင် ၂

    (ခ) ဇွဲလုံ့လရှိဖို့ (၂:၁–၁၃)           ၂:၁ ယေရှုခရစ်တော်၌ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့ခြင်းရှိလော့ဆိုသည်မှာ ကျေးဇူးတော်၌ ခွန်အားယူ၍ သခင်ဘုရား၌ သစ္စာရှိခြင်း၊ စွမ်းစွမ်းတမံ လုပ်ဆောင်ခြင်း၊ မိမိအရည်အချင်းအား ကိုယ်တော်နှင့် ပေါင်းဖွဲ့ခြင်း ဖြစ်သည်။ ၂:၂ တိမောသေ တစ်ယောက်တည်းအား ခွန်အားရယူရန်သာမကဘဲ၊ အခြားသူများကိုလည်း ဝိညာဉ်ခွန်အား ရယူနိုင်ရန် ဝေငှရမည်။ တမန်တော်ကြီးထံမှ ရရှိသော သွန်သင်ခြင်းတန်ခိုးကို တခြားသူများသို့လည်း...

  • တိမောသေသြဝါဒဒုတိယစောင် ၃

    (ခ) ရောက်လာမည့် မိစ္ဆာဆရာများ (၃:၁–၁၃)           ၃:၁ သခင်ဘုရားကြွလာမည့်အခါ ဖြစ်ပျက်မည့် အကြောင်းအရာများကို တိမောသေအား ရှင်းပြထားသည်။ အပြစ်ဒုစရိုက်များသည် တစ်ခုနှင့်တစ်ခု နှီးနွယ်ပတ်သက်နေပြီး ဆင်တူရိုးမှားဖြစ်ကြောင်း ရောမဩဝါဒစာ အခန်း ၁တွင် ရေးထားသည်။ နောက်ဆုံးသော ကာလတွင် ယုံကြည်ဟန်ရှိသော ခရစ်ယာန်များ၏ အပြုအမူလက္ခဏာများသည် ပိုမိုသက်သာထင်ရှားလာမည်။ အထူးသဖြင့် နောင်ကာလသည် ဆင်းရဲကြပ်တည်းသောကာလ ဖြစ်သောကြောင့် လူအများအပြားသည်...

  • တိမောသေသြဝါဒဒုတိယစောင် ၄

    ၄:၁ ရှင်ပေါလု၏ နောက်ဆုံးတိုက်တွန်းချက်ဖြစ်သည်။ ဘုရားသခင်နှင့် ယေရှုခရစ်တော်၌ ရပ်တည်ရန် တွန်းအားပေးသည်။ ဘုရားသခင်ကို ရှုမှတ်ခြင်းဖြင့် အရာခပ်သိမ်းကို လုပ်ဆောင်ရန် သွန်သင်သည်။ သခင်ယေရှုကို အသက်ရှင်သောသူ၊ သေသောသူများအား စစ်ကြောစီရင်မည့်သူအဖြစ် ဖော်ပြထားသည်။ အင်္ဂလိပ်ကျမ်းမူတွင် ကယ်တင်ရှင် ဘုရား တဖန် ကြွလာ၍ နိုင်ငံတော် တည်ထောင်သောအခါ အထွေထွေ ထမြောက်ခြင်းနှင့် တရားစီရင်ခြင်း ရှိမည်ဟု ဆိုထားသည်။ ဂရိကျမ်းစာ...