Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
”အငြင်းပွားစရာရှိသော ရေးသားချက်သည် ကျမ်းစာမမည်၊ ထို့ထက်ဆိုးသည်ကား ဝိညာဉ်တော် မပါရှိသော စာရေးသားချက်ပေတည်း” Conybeare and Howson ၁။ စံတော်မီ ဝိသေသလက္ခဏာ ဟေဗြဲဩဝါဒစာစောင်သည် ဓမ္မသစ်ကျမ်းစာများထဲတွင် ထူးခြားနက်နဲသောကျမ်း ဖြစ်သည်။ အခြားပေးစာများကဲ့သို့ အဖွင့်မပါရှိပါ။ နိဂုံးသာပါရှိသည်။ သေချာသည်မှာ အီတလီ သို့မဟုတ် အခြားတနေရာရာ(၁၃:၂၄)မှ ဟေဗြဲခရစ်ယာန်များသို့ အထူးရေးသားသော စာစောင် ဖြစ်သည်။ မိမိထုံးတမ်းစဉ်လာနှင့် ရှေးကုသိုလ်စီမံရာကို...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဓမ္မသစ်ကျမ်း, ဟေဗြဲသြဝါဒစာ
-
၁။ ခရစ်တော်၏မဟာလူသားပါဝင်မှု (၁:၁၊၄:၁၃) (က) ပရောဖက်ထက်ခရစ်တော်ကြီးမြတ်မှု (၁:၁ဝ၃) ၁:၁ ဤကျမ်းပိုဒ်ထက် ရှင်းလင်းနားလည်လွယ်သော အခြားဩဝါဒစာမရှိပါ။ နိဒါန်းအဖွင့် ပဏာမ ခြေဆင်းစကားများမပါဘဲ ဆိုလိုရင်းကိုထိမိအောင်ဖွင့်ဆိုထားသည်။ ဝိညာဉ်တော်အသိ ဖြင့် သခင်ယေရှုခရစ်တော်၏အမြင့်ဆုံးသော ဘုန်းတန်းခိုးကိုပြသခြင်းဖြစ်ဟန်တူသည်။ အစတွင်ဘုရားသခင်စေခိုင်းသော ပရောဖက်များ၏ ဖွင့်ပြချက်များကို သားတော်ယေရှု၏ ဖွင့်ဟချက်များနှင့် နှိုင်းယှသ်သည်။ ပရောဖက်များသည်ဘုရားသခင်၏ ပြောရေးဆိုခွင့် ရှိသူများ ဖြစ်သည်။ ယေဟောဝါဘုရားရှင်၏အစေခံများဖြစ်သည်။...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဓမ္မသစ်ကျမ်း, ဟေဗြဲသြဝါဒစာ
-
၂:၁ သခင်ခရစ်တော်သည် ဘုရားသားတော်ဖြစ်သောကြောင့် ကောင်းကင်တမန်များထက် ကြီးမြတ်ကြောင်း ကလောင်ရှင်က အချက်ကျကျအပြည့်အစုံဖော်ပြထားသည်။ ကိုယ်တော်သည် ကောင်ကင်သားအနွယ်ဝင်ဖြစ်၍ ကြီးမြတ်ခြင်းသာမဟုတ်။ လူသားဘဝတွင်လည်းကြီးမြတ်သူ ဖြစ်ကြောင်း ဤဩဝါဒတွင် တွေ့ရသည်။ ဧဝံဂလိတရားနှင့် မကင်းဖို့သတိပေးခြင်းလည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကြီးမြတ်သောဆုလက်ဆောင်သည် သတင်းကောင်း ကြားရသူများ အတွက် ပို၍များပြားသောကြောင့်တည်း။ ကိုယ်တော်ထံပါးမှ ဝေးကွာ၍ ဘာသာရေး ထုံးတမ်း စဉ်လာတွင်သာ တင်းတိမ်နေခြင်းသည် အချိန်မရွေး အန္တရာယ်ရှိနေသည်။...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဓမ္မသစ်ကျမ်း, ဟေဗြဲသြဝါဒစာ