Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ရှင်ယာကုပ်သြဝါဒစာ ၄

    ၈။ တပ်မက်ခြင်းအကြောင်းနှင့်ကုသနည်း (အခန်း၄)           ပညာရှိသုခမိန်သည် ငြမ်းချမ်းရေးကိုလိုလားသူဖြစ်ကြောင်း သွန်သင်ပြီးနော် ဤအခန်းဝတွင် ယုံကြည်သူများ မကြာခဏကြုံတွေ့ရသော ခလုတ်ကန်သင်တပ်မက်ခြင်း အကြောင်းကိုရှင်းပြထားသည်။ အကြောင်းအရင်းကဘာလဲ။ နေအိမ်တွင်ဖြစ်စေ ဘုရားကျောင်းတွင် ဖြစ်စေအဘယ့်ကြောင့် ပျော်ရွှင်ခြင်းမရှိနိုင်ကြသနည်း။ မွေးရပ်မြေတွင်ဖြစ်စေ၊ ပင်လယ်ရပ်ခြား သာသနာမြေတွင်ဖြစ်စေ ခရစ်ယာန်အစေခံများသည် အဘယ်ကြောင့်ထိုတပ်မက်ခြင်း၏ ခါးသီး သောအရသာကို မြည်းစမ်းချင်ကြသနည်း။ မိမိပျော်ရွှင်မှု၊ ပိုင်ဆိုင်မှုအတွက် တပါးသူများကို မနေမနား အသုံးချချင်သောကြောင့်ဖြစ်သည်။...

  • ရှင်ယာကုပ်သြဝါဒစာ ၅

    ၉။ ချမ်းသာခြင်းနှင့်အနာဂတ်သံဝေဂ (၅:၁–၆) ပေါက်ပေါက်ရှာရှာ ဤအခန်းတွင် ကြွယ်ဝချမ်းသာခြင်း၏ အပြစ်ကို စွဲချက်တင်ထားသည်။ ပိဿလေးနှင့်ပစ်ပေါက်၊ ခေါင်းကိုတူနှင့်ထုနှက်သကဲ့သို့ စကားလုံးအတုံးလိုက် အတစ်လိုက်သုံး ထားသည်။ ပစ်ပစ်ခါခါ ဝေဖန်ထားသဖြင့် ဤကျမ်းချက်မျိုးကိုတရားဟောခဲ့ကြသည်။ ဤအခန်းတွင် ရှင်ယာကုပ်သည် လူမှုရေးပရောဖက် ဖြစ်နေသည်။ လူ့ချမ်းသာသူ ဌေးသူကြွယ်များက ငွေကြေးဓနများကိုလူမှုဒုက္ခများ ဖြေရှင်းရာတွင်ထဲ့ဝင်မသုံးချင်ကြသည့်အကြောင်းကို ညွှန်ပြမည်တမ်းထားသည်။ အလုပ်သမားများကို မတရားခိုင်းစားသော ခေါင်းပုံဖြတ်သမားများကို ရှုတ်ချသည်။ သူတို့၏ငွေကြေးများ...

  • ရှင်ပေတရုသြဝါဒစာပထမစောင် နိဒါန်း

              ဤစာကို မည်သူရေးမှန်း မသိခဲ့လျှင် စာရေးသူသည် ကျောက်ဆောင် ကျောက်သားကဲ့သို့သော လူ၊စိတ်ဝိညာဉ်လည်း ကျောက်တုံးပေါ်မှာ အခြေတည်သောလူ၊ သက်သေခံချက်များသည်လည်း ဆင်းရဲဒုက္ခမုန်တိုင်း ဒဏ်ခံသူများ၏ ကွန်းခိုရာ ဝိညာဉ်ခံတပ်ကြီးသဖွယ် ခိုင်ခံ့လှပါသလား ဟု ချီးမွမ်းလောက်ပေသည်။ Wiesinger ၁။ စံတော်မီ ဝိသေသလက္ခဏာ           မွတ်စလင်နှင့် ကွန်မြူနစ် တိုင်းပြည်များရှိ ခရစ်ယာန်များသည် ဖိနှိပ်ခြင်း၊ ချုပ်ချယ်ခြင်း၊ စုံစမ်းစစ်ကြောခြင်းများစွာ...