Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ရှင်ပေတရုသြဝါဒစာပဌမစောင် ၁

    ၁။ ယုံကြည်သူ၏ရပိုင်ခွင့်နှင့်ဝတ္တရား(၁:၁–၂:၁၀) (က) နှုတ်ခွန်းဆက်ခြင်း (၁:၁–၂)           ၁:၁ ငါးညှီစော်နံသော တံငါသည်က သူ့ကိုယ်သူ ယေရှုခရစ်တော်၏ တပည့်တော် ပေတရုအဖြစ် နှစ်လိုဖွယ်ရာ မိတ်ဆက်ထားသည်။ သခင်ယေရှုကိုယ်တော်တိုင်က တပည့်တော်(၁၂)ယောက် အဖြစ်ရွေးချယ်ရာတွင် ပါဝင်သောသူဖြစ်သည်။ ကောင်းကြီးမင်္ဂလာနှင့် ကြွယ်ဝသော သံတော်ပါးအဖြစ် ပြောင်းလဲသောသူဖြစ်သည်။ သခင်ဘုရားကလူများသောတံငါတာဝန် ထမ်းရွက်စေသူဖြစ်သည်။ ယုံကြည်သူများသည် ခရစ်တော်ဘုရားကစိတ်ဝင်တစားရွေးချယ်ထားသော လောကသား များဖြစ်ပါသည်။ မိမိတို့မွေးရပ်မြေတွင်ဖြစ်စေ၊ရပ်ဝေးမြေခြားတွင်ဖြစ်စေ...

  • ရှင်ပေတရုသြဝါဒစာပဌမစောင် ၂

    ၂:၁ အဘယ်ကြောင့်ဆိုသော အသစ်တဖန်မွေးဖွားသူများသည် ဘုရားသခင်နှင့်ဆိုင်သော အသက်တာရရှိကြရကား မလိုလားအပ်သောအောက်ပါအကျင့် လက္ခဏများ လုံးဝကင်းရှင်းရသည်။ မစ္ဆေရစိတ်ပြောဆိုခြင်း၊ အခြားသူများအား မလိုမုန်းတား မကောင်းကြံစည်ခြင်း ဖြစ်သည်။ မစ္ဆေရစိတ်သည် ဖီလာဆန့်ကျင် ကန့်လန့်ဘုကလန့် ဖြစ်စေသည်။ ငြူစူသည်။ အညှိုးထားလျက် လက်တုံ့ပြန် ကလဲ့စားချေတတ်သည်။ သူတစ်ပါးကိုဒုက္ခပေးသည်။ တခါက George Washington  Carver သည် အသားမဲဖြစ်သောကြောင့် တက္ကသိုလ်ဝင်ခွင့်ငြင်းပယ်ခြင်းခံရသည်။ နောင်တွင်...

  • ရှင်ပေတရုသြဝါဒစာပဌမစောင် ၃

    (ဃ) ဇနီးသည်ကခင်ပွန်းသည်အားဆက်ဆံခြင်း (၃:၁–၆)           ၃:၁ အုပ်စိုးသူမင်းနှင့် သခင်များသို့ကျိုးနွံရမည့်အကြောင်း သွန်သင်ပြီးနောက်တဖန် ဇနီးသည်များက ခင်ပွန်းသည်များအား ကျိုးနွံရမည့်အကြောင်းသွန်သင်ပါသည်။ ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ ဇနီးသည်အား မိမိခင်ပွန်းသည်အပေါ်တွင် ကျိုးနွံ၍ မယားဝတ် ကျေပွန်ရသည်။ ခင်ပွန်းသည် ဇနီး၏ဦးခေါင်းအဖြစ် ဘုရာသခင်က စီရင်ခန့်ခွဲထားပါ သည်။ အလိုတော်နှင့်အညီ ခွဲခန့်ခြင်း ဖြစ်ကြောင်းဝန်ခံရသည်။ လင်မယားနှစ်ယောက်ဆက်ဆံရေးသည် ခရစ်တော်နှင့်အသင်းတော်ကို ပုံဆောင်ပါသည်။ အသင်းတော်က...