ရှင်လုကာခရစ်ဝင် ၁၁
(ဆ) တပည့်တော်များ၏ ဆုတောင်း (၁၁:၁-၄) အခန်း ၁ဝနှင့် ၁၁အကြားတွင် ကြားကာလရှိသည်။ ထိုအကြောင်းကို ယော ၉:၁-၁၀:၂၁ တွင် မှတ်တမ်းတင်ထားသည်။ ၁၁:၁ ဤနေရာတွင် သခင်ယေရှု၏ ဆုတောင်းခြင်းအသက်တာပြည့်ဝပုံကို ဖော်ညွန်းထား သည်။ ထိုသို့ဆုတောင်းခြင်းသည် လူသားတော်က အဘဘုရားသခင်အပေါ် အမြဲတမ်းတည်မှီပုံကို ပြသ ခြင်းဖြစ်သည်။ သခင်ဘုရား၏ သက်တော်စဉ်တွင် ဆုတောင်းခြင်းသည် အဓိက မဏ္ဍိုင်ဖြစ်သည်။...