ရှင်လုကာခရစ်ဝင် ၂၃
(ဎ) ပိလတ်ရှေ့ရောက်သခင်ယေရှု (၂၃:၁-၇) ၂၃:၁-၃ မင်းတိုင်ပင်အမတ်များ စစ်ဆေးပြီးနောက်လူအုပ်ကြီးလိုက်ပါလျက် ပိလတ်မင်း ထံပို့ဆောင်ကြသည်။ ရောမအင်ပါယာလက်အောက်ခံ ပိလတ်မင်းထံတွင် နယ်ဘက်ဥပဒေအရ စစ်ဆေး စီရင် ရန်ဖြစ်သည်။ နယ်စပ်ဥပဒေအရ အရေးယူရန် ဘာသာရေးဆရာများက စေ့ဆော်ဦးဆောင်ကြသည်။ ပထမစွဲချက်မှာ သခင်ယေရှုက ပြည်သူတို့အား လမ်းလွှဲစေရန် လှုံ့ဆော်မှုဖြစ်သည်။ ဒုတိယစွဲချက်မှာ ကဲသာဘုရင်အားအခွန်မဆက်သရန် ပြည်သူများကို တားမြစ်ခြင်းဖြစ်သည်။ တတိယစွဲချက်မှာ သူ့ကိုယ် သူဘုရင်အဖြစ်...