ရှင်ယောဟန်ခရစ်ဝင် ၄
(ည) ရှမာရိအမျိုးသမီး အသက်တာပြောင်းလဲခြင်း (၄:၁-၄၀) ၄:၁-၂ သခင်ယေရှုသည် ယောဟန်ထက်တပည့်တော်များကို နှစ်ခြင်းမင်္ဂလာပို၍ ပေးသည်ဟု ဖာရိရှဲများကကြားသိကြသည်။ ထိုစကားသည် ယောဟန်၏ တပည့်တော်များနှင့် သခင်ယေရှု အကြေားတွင် သွေးကွဲအောင် သပ်လျှိုခြင်းဖြစ်နိုင်သည်။ စင်စစ်တွင် ယေရှုသည်ကိုယ်တိုင်နှစ်ခြင်းမင်္ဂလာ မပေးပါ။ တပည့်တော်များကသာလျှင် ပေးကြပါသည်။ တပည့်တော်များကသာလျှင် နောက်လိုက်တော် များပီပီ နှစ်ခြင်းမင်္ဂလာခံယူကြသည်။ ၄:၃ ထိုစကားကိုကြားသိလျှင် ဖာရိရှဲများ၏ ကြိုးပမ်းမှု...