ရှင်ယောဟန်ခရစ်ဝင် ၇
၄။ ဘုရားသားတော်၏ တတိယနှစ်အမှုတော်ယေရုရှလင် (၇:၇-၁၀:၃၉) (က) ယေရှုကညီတော်များကို ဆုံးမခြင်း (၇:၁-၉) ၇:၁ အခန်း၆နှင့် အခန်း ရ အကြားတွင် လနှင့်ချီ၍ ကြာသည်။ ယေရှုအား ယုဒများက အသက်အန္တရာယ် ရန်ရှာနေကြသောကြောင့် ယုဒလူများအချက်အချာနေရာ၌ မနေလိုပါ။ ထို့ကြောင့် ထွက်ခွာသွားသည်။ ဤအပိုဒ်မှ ယုဒ၂၅များဆိုသည်မှာ ယုဒခေါင်းဆောင်များဖြစ်သည်။ ယေရှုခရစ်တော်ကို မုန်းတီးကြသောကြောင့် အသက်အန္တရာယ်ပေးရန် အခွင့်ကောင်း...