ဖိလိပ္ပိသြဝါဒစာ ၂
၃။ ခရစ်တော်၏ နှိမ့်ချခြင်း၊ ဆက်ကပ်ခြင်းကို နမူနာယူကြရန် တိုက်တွန်းချက် (၂:၁–၁၆) ဖိလိပ္ပိအသင်းတော်သည် အခြားအသင်းတော်များ ပုံဥပမာယူရလောက်အောင် စံနမူနာဖြစ်ကြသည့်အတိုင်း သန့်ရှင်းသူများအား နွေးထွေးစွာဆက်ဆံကြရန် ပေါလုက နှိုးဆော်ထားသည်။ အဘယ့်ကြောင့်ဆိုသော် အမျိုးသမီးနှစ်ဦး ဧဝေါဒိနှင့် သုန္တတို့၏ ခြားနားချက်များကို တွေ့ရသည် (၄:၂)။ ထို့ကြောင့် ဤအခန်း(၂)တွင် ယုံကြည်သူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးတွင် ကတောက်ကဆမဖြစ်ဖို့ ဘုရားလူအချင်းချင်းအကြားတွင် နွေးထွေးချစ်ကြည်စွာ...