ဟေဗြဲသြဝါဒစာ ၁
၁။ ခရစ်တော်၏မဟာလူသားပါဝင်မှု (၁:၁၊၄:၁၃) (က) ပရောဖက်ထက်ခရစ်တော်ကြီးမြတ်မှု (၁:၁ဝ၃) ၁:၁ ဤကျမ်းပိုဒ်ထက် ရှင်းလင်းနားလည်လွယ်သော အခြားဩဝါဒစာမရှိပါ။ နိဒါန်းအဖွင့် ပဏာမ ခြေဆင်းစကားများမပါဘဲ ဆိုလိုရင်းကိုထိမိအောင်ဖွင့်ဆိုထားသည်။ ဝိညာဉ်တော်အသိ ဖြင့် သခင်ယေရှုခရစ်တော်၏အမြင့်ဆုံးသော ဘုန်းတန်းခိုးကိုပြသခြင်းဖြစ်ဟန်တူသည်။ အစတွင်ဘုရားသခင်စေခိုင်းသော ပရောဖက်များ၏ ဖွင့်ပြချက်များကို သားတော်ယေရှု၏ ဖွင့်ဟချက်များနှင့် နှိုင်းယှသ်သည်။ ပရောဖက်များသည်ဘုရားသခင်၏ ပြောရေးဆိုခွင့် ရှိသူများ ဖြစ်သည်။ ယေဟောဝါဘုရားရှင်၏အစေခံများဖြစ်သည်။...