ဟေဗြဲသြဝါဒစာ ၁၀
၁၀:၁ ပညတ်တော်သည် အနာဂတ်ပေါ်ထွန်းလာမည့် ကောင်းသောအရာများ၏ ရှေ့တော် ပြေးအရိပ်လက္ခဏာ ဖြစ်သည်။ ခရစ်တော်ဘုရားနှင့် ခရစ်တော်၏အမှုတော်များကို ဖော်ညွန်းခြင်း ဖြစ်၍သမုတိသစ္စာတရားဖြစ်သည်။ ခရစ်တော်ဘုရားအား ဖော်ညွန်းခြင်းသည်ခရစ်တော်ပုံတော်ပြ သခြင်းဖြစ်သည်။ လောကပူဇော်သက္ကာပြုခြင်း၏ အားနည်းချက်မှာအထပ်ထပ်အခါခါ ပူဇော်သက္ကာပြုရခြင်း ဖြစ်သည်။ ထိုသို့ကြိမ်ဖန်များစွာ ပူဇော်ဝတ်ပြုခြင်းသည်သန့်ရှင်းစင်ကြယ်သော ဘုရားသခင်အား တွေ့ဆုံရန်အရည်အချင်းမပြည့်မီကြောင်း ပြသသည်။ နှစ်စဉ်နှစ်တိုင်း၊ ထိုပုံစံအတိုင်း၊ ပူဇော်သက္ကာ ပြုခြင်းကိုဆင်ခြင်ကြပါကုန်။ ထိုသို့ကြိမ်ဖန်များစွာ ပူဇော်သက္ကာပြုခြင်းသည်ဝတ်ပြုကိုးကွယ်သူများအား ပြည့်စုံကုံလုံ...