ဗျာဒိတ်ကျမ်း ၁၃
၁၃:၁ အခန်း (၁၃)တွင် သားရဲနှစ်ကောင် ပြထားသည်။ တစ်ကောင်သည် ပင်လယ်ထဲမှ ပေါ်ထွက်လာ၍ အခြားတစ်ကောင်သည် ကုန်းမြေပေါ်မှ ထွက်လာသည်။ ထိုကုန်းမြေသည် ကမ္ဘာမြေ (သို့) ဣသရေလ ဟုခေါ်နိုင်သည်။ ထိုသားရဲနှစ်ကောင်သည် ဘေးဒဏ်ကြီးကာလတွင် ပေါ်ထွန်းလာမည်မှာ သံသယဖြစ်ဖွယ်ရာမရှိ။ ဒံယေလကျမ်း ၇:၃-၇ မှ သားရဲလေးကောင်နှင့် ပေါင်းစပ်သည်။ ပထမသားရဲသည် နိုင်ငံဆယ်နိုင်ငံ ရှိမည့် ရောမအင်ပါယာဖြစ်သည်။ ပင်လယ်ထဲမှ...