ဆာလံကျမ်း ၃၃
ဆာ ၃၃၊ အသစ်သောသီချင်း အထက်ကျမ်းချက်မှ နောက်ဆုံးအပိုဒ်နှင့်ဤ ကျမ်းချက်မှ ပထမအပိုဒ်သည်ဆက်စပ်သည်။ ကျမ်းပိုဒ် နှစ်ခုစလုံးတွင် ဖြောင့်မတ်သူများက ဘုရားသခင်အား ဝမ်းမြောက်ရွှင်လန်းစွာသီဆိုကြမည့်အကြောင်း ရေး ထားသည်။ ဤဆာလံကျမ်းပိုဒ်တွင် အဘယ့်ကြောင့်ထိုသို့ချီးမွမ်း သီဆိုရသည့်အကြောင်း ရှင်းပြထားသည်။ ရန်သူများ၏ လှုပ်ရှားမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဘေးဒုက္ခပေးခြင်းများ မတွေ့ရပါ။ ဣသရေလလူများသည် ထာဝရဘုရားသခင်၏အုပ်စိုးမှုအောက်တွင် ဘေးရန်ကင်းရှင်းစွာ သာယာစိုပြေနေကြသည်။ ဆာလံဆရာက...