ဆာလံကျမ်း ၅၁
ဆာ ၅၁ နောင်တရေမွှေး ခပ်မွှေးမွှေး Alexander Maclarence က “ဘုရားသခင်အလိုတော်ရှိသောရေမွှေးသည် နောင်တရနံ့ သင်းပျံ့၍ အပြစ်အညစ်အကြေးများကိုလည်း သန့်စင်စေသည်”ဟုဆိုသည်။ ဆာ၅၁သည်ထိုစကား နှင့်တသားတည်းဖြစ်သည်။ ဒါဝိဒ်မင်းကဗာသရှေဘနှင့်ကာမေသုကျူးလွန်းပြီးသည့်အပြစ် သူ့ခင်းပွန်းစစ်သူကြီး ဉရိယကိုပါသေကြောင်းကြံစည်ခဲ့ပြီးသည့်နောက် ပရောဖက်နာသန်က ဒါဝိဒ်မင်းအားမခြွင်းမချန်အပြစ်ဖော်ထုတ်သည့်အကြောင်းဖြစ်သည်။ ထိုပရောဖက်စကားကို ကြားသောအခါ ဒါဝိဒ်မင်းသည် စိတ်နှလုံးကြေမွလျက်မိမိအပြစ်ကို ဝန်ချသည်။ ဒါဝိဒ်မင်းအပြစ်ဝန်ချပုံကို ဆက်လက်လေ့လာကြည့်ကြပါစို့။ ၅၁:၁ အကျွန်ုပ်ကိုသနားတော်မူပါ။ အကျွန်ုပ်သည်အရေးယူအပြစ်ပေးထိုက်သူဖြစ်ပါသည်။...