ဆာလံကျမ်း ၅၄
ဆာ ၅၄ ငါ့ကိုကူညီသူ ဘုရားရှင် ဒါဝိဒ်သည် ရှောလုဘေးရန်မှပုန်းရှောင်နေစဉ် ဇိဖသားတို့ကဒါဝိဒ်ပုန်းခိုသောနေရာကို (၂) ကြိမ်တိုင်တိုင်သတင်းပေးကြသည် (၁ရာ ၂၃:၁၉၊ ၂၆:၁)။ ထိုသစ္စာဖောက်များလက်ထဲမှ ဘုရားရှင် ၏ကူမပုံကိုဒါဝိဒ်က ဆာလံသီချင်းစပ်ဆိုခဲ့သည်။ ၅၄:၁ ဆာလံသီချင်း၊ ဖွင့်လျှင်ဖွင့်ခြင်းဘုရားသခင်၏ နာမတော်ဖြင့်ကယ်တင်ရန် တန်ခိုး တော်ဖြင့်တရားစီရင်ရန် အော်မြည်သံကြားရသည်။ နာမတော်သည် ကိုယ်တော်၏သဘောသဘာဝ နှင့်သွင်ပြင်လက္ခဏာကို၎င်း၊ တန်ခိုးတော်သည်နေရာတိုင်းမှာရှိတော်မူပုံကို၎င်း ပြသည်။ ကယ်တင် ခြင်းဆိုသည်မှာရန်သူများလက်ထဲမှ...