Category: ဆာလံကျမ်း

  • ဆာလံကျမ်း ၆၃

    ဆာ ၆၃ အသက်ထက်ကောင်း၏           ဒါဝိဒ်သည်ယော်ဒန်မြစ်အရှေ့ဘက်ကမ်း၊ယုဒတောနက်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရ သည် (၂ရာ ၁၅:၂၃၊ ၂က ၁၆:၂၊၁၇:၆) ဒါဝိဒ်မင်းသည်နန်းကျဘုရင်အဖြစ် ရဇဣန္ဒြေကျဆင်းနေ သော်လည်းစိတ်ဓါတ်မပျက်ပြား၊ ကိုယ်ကျင့်သိက္ခာမြင့်မားနေ၏။ ၆၃:၁ သူ၏စကားမြင့်မားခိုင်မာပုံကိုကြည့်ပါ။ “အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ် ဘုရားသခင်ဖြစ်တော်မူ၏” ဟုဆိုသည်။ ထိုစကားသည်ကလေးစကားသို့နှယ် ရိုးစင်းသော်လည်း အဓိပ္ပါယ်လေးနက်ပြည့်ဝသည်။ အကျွန်ုပ်ဘုရားဟူသောစကားသည် ပုဂ္ဂိုလ်ရေးဆက်ဆံရေးဖြစ်၍ ရှိရှိသမျှရတနာသိုလှောင်ရာဖြစ်သည် ။ပြဿနာများ၏အရင်းအမြစ်ဖြစ်သည်။...

  • ဆာလံကျမ်း ၆၄

    ဆာ ၆၄ လေးနှင့်မြှားများ ဆာ ၆၄တွင်လေးသည်တော်နှစ်ယောက်တွေ့ရသည်။ မတရားသောသူနှင့်ဖြောင့်မတ်သောသူ (ငယ် ၁-၆)ဖြစ်သည်။ အဓိကအဖြစ်အပျက်မှာဘုရားသခင်နှင့်လူဆိုးသူယုတ်များအကြား (ငယ် ၇-၁၀)ခြားနားချက်ဖြစ်သည်။ ၆၄:၁–၆ ပထမတိုက်ပွဲသည် ကြည့်မကောင်း၊ တဘက်သတ်တိုက်ပွဲဖြစ်သည်။ ဖြောင့်မတ် သောဒါဝိဒ်ကိုလူဆိုးဗီလိန်များက တဘက်သတ်ဝိုင်းရံဖိစီးနေကြသည်။ သူတွင်မြှားတချောင်းမှမရှိ။ ရန်သူတို့မြှားဗူးထဲတွင်မူမြှားအပြည့်။ သို့သော် ဒါဝိဒ်တွင်လျှို့ဝှက်လက်နက်ရှိသည်။ လူ့မျက်စိဖြင့် မမြင်နိုင်သောမိတ်ဆွေကြီးရှိသည် ။ဆုတောင်းခြင်းဖြင့် အချိန်မရွေးလှမ်းခေါ်နိုင်သည်။ ပထမတွင် စိုးရိမ်ခြောက်လန့်စိတ် ဖယ်ရှားပေးရန်နှင့်ရန်သူများ၏ အကောက်ကြံစိတ်ပျက်စီးရန်...

  • ဆာလံကျမ်း ၆၅

    ဆာ ၆၅အနှစ်တထောင်ကောက်ရိတ်တေး           ဆာ ၆၅ကိုအိမ်ပြန်ကောက်ရိတ်တေးအဖြစ်လူသိများသည်။ သခင်ဘုရားဒုတိယအကြိမ်ပြန် လည်ကြွလာခြင်းနှင့်ပတ်သက်သည်ဟု အနက်ဖွင့်ဆိုကြသည်။ ၆၅:၁ ဣသရေလလူများသည်ရာစုနှစ်ချီ၍ဘုရားသခင်နှင့်စိမ်းကားကြသောအခါ ဇိအုန်တောင် သည်လည်းခြောက်သွေ့ခဲ့သည်။ သို့သော်ဘုရားသခင်၏ရှေးဦးလူများသည် အထံတော် တွင်ပြန်လည်စုစည်း၍ကိုယ်တော်ကို ချီးမွမ်းကြမည့်အချိန်အခါစောင့်မျှော်ကြသည်။ နောက်ဆုံးတွင် ကတိတော်စကားသည်ပြည့်စုံရစမြဲ။ ဆိုလိုသည်မှာ လူတိုင်းကတိတော်အားဒူးထောက်အညံ့ခံ ရသည် (ဟေရှာ ၄၅:၂၃)။ ထိုစကားမှာမေရှိယကတိတော်လာ ဆာ ၂၂:၂၂ “ပရိတ်သတ်အလယ်မှာ ကိုယ်တော်ကိုချီးမွမ်းမည်” ကိုရည်ညွှန်းသည်။ သို့မဟုတ်...