ဆာလံကျမ်း ၇၈
ဆာ ၇၈: လူ့သမိုင်းကြောင်းမှပုံဥပမာများ ဘုရားသခင်၏ ကျေးဇူးတော်နည်းလမ်းနှင့် ဣသရေလတို့၏ ပေကပ်ကပ်အကြောင်းကို သရုပ်ဖေါ် ထားသည်။ ဣသရေလတို့၏ ဂန္တဝင်တေးကဗျာများအနက် တပုဒ်ဖြစ်သည်။ အတိတ်သင်ခန်းစာများကို မပစ်ပယ်ဘဲ၊ စွဲမှတ်ထားဖို့ သွန်သင်ပါသည်။ အတိတ်သင်ခန်းစာယူဖို့ ဆာလံဆရာက ဖိတ်ခေါ်ခြင်း (၇၈:၁–၄) ဆာလံဆရာက သူ့လူများအား ဂရုစိုက်နားထောင်ဖို့ ဖိတ်ခေါ်သည်။ အဘယ့်ကြောင့်ဆိုသော် ပုံဥပမာများဖြင့် အလေးအနက်ရှင်းပြမည်ဖြစ်၍ အလေးအနက်ထားစေချင်သည်။ ရှေးကာလ...