Category: ဆာလံကျမ်း

  • ဆာလံကျမ်း ၉၃

    ဆာ ၉၃ ထာ၀ရဘုရင် ထာ၀ရပလ္လင်တော် ၉၃:၁–၂ သခင်ယေရှုသည် ရာဇပလ္လင်တော်ပေါ်တွင် စိုးစံတော်မူသောအခါ ဘိသိက်ရတုပုဒ်စုံ အမျိုးမျိုးဖြင့် ပူဇော်ကန်တော့ကြမည်။ ထိုသီချင်းများအနက် ဆာ၉၃သည်လည်း တပုဒ်အပါအ၀င်ဖြစ်သည်။ သခင်ယေရှုကိုယ်တိုင်ကလည်း သူသည် ဣသရေလဘုရင်မှန်ကြောင်း ထုတ်ဖော်ကျေညာမည်။ လူ့လောကသို့ ပထမအကြိမ်ကြွလာစဉ်ကဲ့သို့ ရိုကျိုးအောက်ကျို့သော ဟန်ပန်ရှိမည်မဟုတ်။ ရှင်ဘုရင်ဖြစ်တော်မူသည့် အတိုင်း တိုင်းခန်းပြည်ဝါ တင့်တယ်စွာကြွလာမည်။ တကမ္ဘာလုံးကို အုပ်စိုးမည့်အကြောင်း အတိအလင်း ထုတ်ပြန်ကျေညာမည်။...

  • ဆာလံကျမ်း ၉၄

    ဆာ ၉၄ ဘုရားရှင်တော်က ကလဲ့စားချေခြင်း ဘုရားသခင်၏ ထိုသို့သောလုပ်ဆောင်တော်မူချက်ကို A.W.Pink ကဤသို့ဆိုသည်- ဘုရားသခင်၏အမျက်ဒေါသအကြောင်း တစေ့တစောင်းဖတ်ရှုသည့်အခါ အချို့ခရစ်ယာန်များက  ပြန်လည်တောင်းပန်သင့်သည်ဟုဆိုကြ၍ တချို့က ဘုရားသခင်၏အမျက်ဒေါသသည် ဘုရားရှင် တော်၏ကောင်းမြတ်ခြင်းနှင့် တကဏ္ဍစီဟု ကောက်ချက်ချကြသည်။ ထင်မြင်ယူဆချက် အတွေး ကိုယ်စီရှိကြသည်။ သို့သော် ဘုရားသခင်သည် ထိုသို့ကလဲ့စားပြန်လည်ချေသောအခါ ရှက်စရာ မဟုတ်။ အကျိုးအကြောင်း ခိုင်လုံသည်။ ဘုရားရှင်၏အမျက်ဒေါသသည် သစ္စာတရား၊...

  • ဆာလံကျမ်း ၉၅

    ဆာ ၉၅ ၀တ်ပြုကိုးကွယ်ခြင်းနှင့်သတိထားစရာ ဆာလံဆရာက ရွှင်လန်းတက်ကြွစွာ အတူတကွ၀တ်ပြုကိုးကွယ်ရာဘို့ ဖိတ်ခေါ်သည်။ ကျမ်းစာ ရေးသူ၏အာဘော်မဖမ်းမိလျှင် နားလည်ရခက်သည် (ဟေဗြဲ ၄:၇တွင် ဆာလံသီချင်းကို ဒါဝိဒ်၏စီရင် ရေးသားချက်ပိုများသောကြောင့် ဒါဝိဒ်၏ဆာလံသီချင်းဟု အလွယ်တကူခေါ်ကြသည်။ အမှန်မှာ ဆာလံဆရာ အများအပြားပါ၀င်သည်)။ ၉၅:၁–၂ သန့်ရှင်းဝိညာဉ်တော်ယေဟောဝါဘုရားရှင်ကိုကိုးကွယ်ကြရန် ဣသရေလလူများအား ပြန်လည်စည်းရုံးပင့်ဖိတ်ထားသည်။ ဣသရေလတို့ကံဆိုးမိုးမှောင်ကျ၍ ခေတ်ပျက်သည့်ကာလဖြစ်သည်။ သို့သော် ထိုစကားသည် ဣသရေလလူမျိုးကိုကျော်လွန်၍ ယနေ့လူများနှင့်လည်းသက်ဆိုင်သည်။...