ဆာလံကျမ်း ၂၄
ဆာ ၂၄၊ ဘုန်းတန်ခိုး၏ဘုရင်သည် ဘယ်သူလဲ ဆာလံ ၂၄သည် ဘေးဒဏ်ကြီးကာလအဆုံးတွင်ဘုန်းကျက်သရေပေါ်ထွန်းလာမည့် မျှော်လင့်ချက်အကြောင်းဖြစ်သည်။ ဘုရားရှင်၏ တရားစီရင်ခြင်းမိုးကြိုးသံချုပ်ငြိမ်းသွားပြီ။ လူ့လောကသို့ သခင်ယေရှုကြွလာ၍ ရန်သူများကို အောင်မြင် တော်မူပြီ။ရှင်ဘုရင်တို့၏ဘုရင်၊ သခင်တကာတို့၏သခင်အဖြစ်စိုးစံဘို့ ယေရုရှလင်သို့ ကြွချီတော်မူပြီ။ လောကသားများ မကြားမမြင်ဘူးသော အောင်ပွဲမျိုးတည်း။ ကြည့်မြင်သူများသည် သခင်ယေရှူပြုခဲ့သော ဆင်းရဲဒုက္ခများကို ပြန်တွေးမိသောအခါ ပါးစပ်အဟောင်းသားမှိုင်ကြသည်။ သခင်ယေရှု၏ ဘုန်းတန်ခိုးကိုအံ့ဩ ငေးမောကြသည်။ ၂၄း၁-၂...