တရားဟောရာကျမ်း ၃
(ဃ) ယော်ဒန်မြစ်ဖြတ်ကူးကြခြင်း (အခန်း ၃) ၃:၁–၁၁ ဗာရှန်ဘုရင် ဩယမင်း၏ မြို့ကြီး(၆၀)နှင့် ကျေးလက်မြို့များသည် မြို့ရိုးကြီးများ၊ ခိုင်ခန့်သောမြို့ဝင်တံခါးပေါက်များဖြင့် အခိုင်အမာဆောက်လုပ်ထားကြသည်။ သို့သော်လည်း ဘုရားသခင်က သူ့လူများလက်ထဲသို့ ကျရောက်စေသည်။ ဩဃမင်းသည် အလွန်ထွားကျိုင်းသောလူဘီလူးကြီးဖြစ်၍ သူ၏ အိပ်ယာခုတင်သည် အရှည်ကိုးတောင် အကျယ်လေးတောင် (၁၄ပေခန့်ရှည်၍ ၆ပေခန့်ကျယ်သည်)ရှိသည်။ Thompsonက ထိုခုတင်သည် ပုံမှန်အိပ်ယာမဟုတ်နိုင်၊ နောက်ဆုံးအချိန်၌ အိပ်စက်အနားယူရာ...