တရားဟောရာကျမ်း ၆
(ခ) မနာခံသူများထပ်မံသတိပေးချက် (အခန်း၆) ၆:၁–၉ ဣသရေလတို့ ကတိတော်မြေသို့ ဝင်ရောက်ကြသောအခါ စင်ကြယ်သော စိတ်နှလုံးဖြင့် ပြည့်စုံကြဖို့ အလိုတော်ရှိသည်။ ကတိတော်မြေတွင် နာခံသောအသက်တာဖြင့် ချမ်းမြေ့ကြည်လင်စွာ နေစေချင်သည်။ သို့ကြောင့် (ခါနန်ပြည်)၌ လက်တွေ့ အသက်တာတွင် ကျင့်ကြံရမည့် ကျင့်စဉ်များကို အသေးစိတ်ထုတ်ပြထားသည် (ငယ်၁-၂)။ ဣသရေလတို့ကို ယေဟောဝါ ထာဝရဘုရားသခင်အား ဘုရားစစ် ဘုရားမှန်တဆူတည်းသော ဘုရားဖြစ်ကြောင်းသက်သေခံခိုင်းသည်...