ယောရှုမှတ်စာ နိဒါန်း
နိဒါန်း “တရားဓမ္မ ဝိသေသလက္ခဏာရှိသော ဤသမိုင်းကြောင်းဆိုင်ရာကျမ်းက ခေတ်ကာလလူသားများအား သမိုင်းတစ်ခု သုခုမအကြောင်း ပြန်ပြောင်းပြာပြပါသည်။ သမိုင်းကြောင်းဆိုင်ရာ အချိတ်အဆက်များသည် တိုတောင်းအားနည်းသော်လည်း သင်ခန်းစာကောင်းဖြစ်သည်” Paulus Cassel. ၁။ စံတော်မီဝိသေသလက္ခဏာ ယောရှုမှတ်စာသည် မောရှေကျမ်းများနှင့်ဣသရေလတို့၏ ကတိတော်မြေ အောင်မြင်နင်းခြင်းအကြောင်း ဆက်စပ်ပေးသော ပေါင်းကူးတံတားကြီးဖြစ်သည်။ ရှေးဟေဗြဲကျမ်းမူနှင့် ခေတ်သစ်ကျမ်းမူနှစ်ခုစလုံးတွင် ဓမ္မဟောင်းကျမ်း၏ ဆဌမမြောက်ကျမ်းစောင်ဖြစ်သည်။ ပထမသမိုင်းကြောင်းဆိုင်ရာကျမ်း(၁၂)စောင် (ယောရှုမှဧသတ္တာ)၊ ယုဒများခေါ် ရှေးဦးပရောဖက်ဟုခေါ်သည်။...