ယောရှုမှတ်စာ ၃
(ဂ) ယော်ဒန်မြစ်ဖြတ်ကူးခြင်း (၃:၁–၅:၁) ၃:၁–၁၃ ယော်ဒန်မြစ် ဖြတ်ကူးကြရတော့မည်။ ယော်ဒန်မြစ်ရေ ရေကြီးချိန်ကာလဖြစ်နေသည်။ ယဇ်ပုရောဟိတ်များကို ပဋိညာဉ်သေတ္တာထမ်းစေလျက် စစ်ကြောင်းရှေ့က သွားခိုင်းသည်။ (ခါတိုင်းတွင် ကောဟတ်အမျိုးများက ပဋိညာဉ်သေတ္တာထမ်းလေ့ရှိသော်လည်း (တော ၄:၁-၁၅) အထူးကိစ္စရပ်ဖြစ်သောကြောင့် ယဇ်ပုရောဟိတ်များ ထမ်းခိုင်းခြင်းဖြစ်သောကြောင့် ယဇ်ပုရောဟိတ်များ ထမ်းခိုင်းခြင်းဖြစ်သည်)။ ထိုပဋိညာဥ်သေတ္တာသည် ယေရှုခရစ်တော်ပုံဆောင်ပါသည်။ ယုံကြည်သူများသည် မိမိအစွမ်းအစ အရည်အချင်းကို မကိုးစားဘဲ၊ ခရစ်တော်ကိုသာ...