ယောရှုမှတ်စာ ၉
(ဇ) ဂိဗောင်သားများနှင့်မဟာမိတ်ပြုခြင်း (အခန်း၉) ၉:၁–၂၇ ဣသရေလတို့၏ စစ်ရေးအောင်ပွဲသတင်းကြောင့် ယော်ဒန်မြစ်အနောက်ဘက်ကမ်းရှိ မင်းများသည် စိုးရိမ်ထိတ်လန့်ကြသဖြင့် အချင်းချင်းမဟာမိတ်ဖွဲ့၍ ဣသရေလတို့အား ပုန်ကန်တော်လှန်ရန် တိုင်ပင်ကြသည်(ငယ်၁၊၂)။ သို့သော် ထိုမင်းများအနက်မှ ခေဖိရာ၊ ဗေရုတ်နှင့် ကိရယတိယာရိမ်မင်းများသည် ဆန့်ကျင်ပုန်ကန်ခြင်းဖြင့် စစ်မှန်သော ငြိမ်းချမ်းရေးမရနိုင်ဟု ခံယူကာ မဟာမိတ်ပြုရန် ဆုံးဖြတ်ကြသည်(ငယ်၃၊၁၇)။ ပုန်ကန်သောင်းကျန်းသူများဟူသရွေ့ ဣသရေလတို့က ကျူပင်ခုတ်ကျူငုတ်မကျန် ရှင်းပစ်လေ့ရှိကြောင်းကိုလည်း သိရှိထားကြသည်။ ခါနန်ပြည်ပမှ...