ဓမ္မရာဇဝင်ဒုတိယစောင် ၂၁
၄။ နောက်ဆက်တွဲ (အခန်း ၂၁–၂၄) ဓမ္မရာဇဝင် ဒုတိယစောင်သည် ဒါဝိဒ်မင်းနန်းစံစဉ် ထူးခြားဖြစ်စဉ် အကြောင်းအရာများကောက်နုတ်ခြင်းဖြစ်သည်။ သက္ကရာဇ်ခုနှစ် အစဉ်အလိုက်ဖေါ်ပြခြင်းမဟုတ်။ (သမိုင်းဖြစ်စဉ်များကို ဓမ္မရာဇဝင်တတိယစောင်တွင် ဆက်လက်ကြည့်ရှုပါ)။ (က) အစာရေငတ်မွတ် ခေါင်းပါးခြင်း ဘေးဒဏ် (အခန်း ၂၁) ၂၁:၁ ပထမအဖြစ်အပျက်မှာ သုံးနှစ်သုံးမိုး မိုးခေါင်၍ အစာရေစာငတ်ပြတ်ကြသည်။ အဘယ်ကြောင့် ထိုသို့ မိုးခေါင်ရခြင်းအကြောင်း စုံစမ်းသောအခါ ရှောလုမင်း...