Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဓမ္မရာဇဝင်တတိယစောင် ၂

    (ဂ) ဒါဝိဒ်၏ရှောလမုန်သို့ နောက်ဆုံးမှာတမ်း (၂:၁–၁၁) ၂:၁–၁၁  ဒါဝိဒ်ထွက်ပြေး တိမ်းရှောင်ရခြင်းကို ကျေးဇူးတော်ကာလ သခင်ခရစ်တော် ငြင်းငယ်ခံရခြင်း အဖြစ်ပုံနှိုင်းလျှင်၊ ရှောလမုန် နန်းစံခြင်းကို ခရစ်တော် နှစ်တစ်ထောင် နိုင်ငံတော် စိုးစံခြင်းနှင့် ခိုင်းနှိုင်းရပေမည်။ သခင်ခရစ်တော်သည် နိုင်ငံတော် တည်ထောင်ဖို့ တဖန်ကြွလာသောအခါ ဦးစွာသူ့ရန်သူများကို ချေမှုန်းသုတ်သင်မည်။ နိုင်ငံတော်၏ ခလုတ်ကန်သင်းများကို ကျူငုတ်မကျန် ဖယ်ရှားသည့် ပုံရိပ်အား အခန်း...

  • ဓမ္မရာဇဝင်တတိယစောင် ၃

    (ခ) ရှောလမုန်ဘုရင်၏ ဉာဏ်ပညာ (အခန်း ၃) ၃:၁ ရှောလမုန်မင်းသည် အိမ်နီးချင်း နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ထိုခေတ်ကာလက ဘုန်းတန်ခိုးကြီးမားသော အဲဂုတ္တုဖာရောဘုရင်၏ သမီးတော် ကို လက်ထပ်ယူလိုက်သည်။ နိုင်ငံရေးပရိယာယ်အားဖြင့် ရွှေလမ်း၊ ငွေလမ်း၊ သံတမန်လမ်း ခင်းခြင်းဖြစ်သည်။ နိုင်ငံရေးအမြော်အမြင်ဖြင့် ထိုသို့ တပါးအမျိုးသားကို လက်ထပ်ယူသော်လည်း ဘုရားသခင်၏ ပညတ်တရားက ခွင့်မပြုပါ။ ဝိညာဉ်ရောဂါဆိုးကပ်ငြိခြင်းအဖြစ် သတ်မှတ်သည်။ တပါးအမျိုး...

  • ဓမ္မရာဇဝင်တတိယစောင် ၄

    (ဂ) ရှောလမုန်ဘုရင်၏ မှူးကြီးမတ်ရာများ (၄:၁–၁၉) ၄:၁–၆  ရှောလမုန်ဘုရင်၏ ကက်ဘိနက်အဖွဲ့ဝင်များ စာရင်းဖြစ်သည်။ ဇာဒုတ်၏မြေး အာဇရိက ယဇ်ပုရောဟိတ်ကြီး၊ ဧလိဟောရပ်နှင့် အဟိယ တို့က လွှတ်ရုံးဝန်ကြီးများ၊ ယောရှုဖတ် က မော်ကွန်းထိန်း၊ ဗေနာယက စစ်ဗိုလ်ချုပ်၊ ဇာဒုတ် နှင့် အဗျာသာ တို့က ယဇ်ပုရောဟိတ်၊ အာဇရိက ဝန်အုပ်၊ ဇာဗုဒ်က မင်းတိုင်ပင်အမတ်၊ အဟိရှာ က...