ကမ္ဘာဦးကျမ်း ၃၀
၃၀:၁–၁၃ ရာခေလသည် လေအာက ဒူးပေါ်တွင် ကလေးချီ၍ ချော့မြူချင်လွန်းသောကြောင့် သူ့ကျွန်မ ဗိလဟာကို ယာကုပ်ထံ ဝင်ရောက်အိပ်ခိုင်းသည်။ ဗိလဟာတွင် သားနှစ်ယောက်ထွန်းကားရာ အကြီးကို ဒန် အငယ်ကို နဿလိ ဟု နာမည်ပေးလိုက်သည်။ လေအာကလည်း အားကျမခံ သူ့ကျွန်မ ဇိလပအား ယာကုပ်ထံ အပ်နှံရာ ဂဒ် နှင့် အာရှာ ဟူသော သားနှစ်ယောက် ထွန်းကားသည်။...