ဓမ္မရာဇဝင်စတုတ္ထစောင် ၂၁
(ခ)မနာရှေဘုရင် (၂၁:၁–၁၈) ဟေဇကိ၏သား မနာရှေမင်းသည် ဘီစီ ၆၉၇/၉၆-၆၄၃/၄၂ထိ နှစ်ပေါင်း (၅၅)နှစ်တိုင်တိုင် ယုဒဘုရင်အဖြစ် အုပ်စိုးနန်းစံခဲ့သည်။ (၆ရာ ၃၃:၁-၂၀ ယှဉ်ဖတ်)။ ၂၁:၁–၉ မနာရှေဘုရင်သည် ယုဒဘုရင်များထဲတွင် သက်တမ်းအရှည်ဆုံးနှင့် အဆိုးညစ်ဆုံးမင်း ဖြစ်သည်။ ဆိုးဝါးယုတ်ကမ်းချက် အချို့မှာ ပြည်သူများအား ဗာလဘုရား၊ အာရှရဘုရား အားအတင်းကိုးကွယ်ခိုင်းခြင်း၊ မိုးနတ်မင်းအား ကိုးကွယ်ရန် ယဇ်ပလ္လင်တည်ဆောက်ခြင်း၊ မိမိရင်သွေးများကို မီးရှို့ယဇ်ပူဇော်ခြင်း၊...