ရာဇဝင်ချုပ်ဒုတိယစောင် ၁
၁။ရှောလမုန်ဘုရင်၏နိုင်ငံတော်(အခန်း၁–၉) (က)ရှောလမုန်၏ ယုံကြည်ကိုးကွယ်မှု၊ ဉာဏ်ပညာနှင့်ကြွယ်ဝချမ်းသာမှု (အခန်း ၁) ၁:၁–၃ ဒါဝိဒ်မင်း ကွယ်လွန်ရသည့်အကြောင်းကို ၁ရာ ၁-၃ တွင် ရှင်းပြပြီး၊ ရှောလမုန်မင်း နန်းဆက်ခံပုံကို ၅ရာ ၂၉တွင် ရှင်းပြထားသည်။ ရှောလမုန်နန်းတက်ဖို့ အရေးအခင်းတွင် အခေါနိယနှင့်စစ်သူကြီး ယွာဘတို့ အဓိကဂိုဏ်း ဖြစ်ခဲ့ကြပြီး (၅ရာ ၂၂:၉-၁ဝ) ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း ရှောလမုန်က နန်းမွေဆက်ခံသည်။...