ဧသတာဝတ္ထု ၈
(ဃ)မော်ဒကဲရာထူးတိုးခြင်းနှင့် ယုဒလူများ ကွယ်ကာရာရခြင်း (အခန်း ၈) ၈:၁–၂ ရှင်ဘုရင်ကြီးက ဟာမန်၏ နေအိမ်အား ဧသတာသို့လက်ဆောင်ပေး၍ မော်ဒကဲကိုလည်း ရာထူးတိုးပေးလိုက်သည်။ ၈:၃–၈ ဟာမန်သည် လူ့ဘဝမှပျောက်ကွယ်သွားသော်လည်း ဘဝဇာတ်လမ်းသည် ကျန်ရှိနေဆဲ။ တဖန် ဧသတာသည်ဘုရင်ကြီးရှေ့သို့ မဖိတ်မခေါ်ဘဲ ရောက်ရှိလာပြန်သည်။ သူ့အသက်ကို ကယ်တင်ပြီးဖြစ်သော်လည်း သူ့အမျိုးကိုကူညီဖို့ မျက်ရည်ဝဲလျက်တောင်းဆိုသည်။ ရှင်ဘုရင်ကြီးကလည်း ရာဇရွှေလှံတံတော်ကို ကမ်းပေးသည်။ အငယ်၃သည် ဆုတောင်းခြင်းအကြောင်းဖြစ်၍...