ဆာလံကျမ်း ၂
ဆာလံကျမ်း ၂ ဆာ ၂၊ မပြောင်းလဲသောအမိန့်ဒီကရီ ဤဆာလံကျမ်းသည် ဘေးဒဏ်ကြီးကာလနှင့်ဘုန်းတန်ခိုးဖြင့် တဖန်ပြန်လည်ကြွလာမည့် ယေရှခရစ်တော်ကို ထင်သာမြင်သာရှိစေသည်။ ထိုကာလတွင် တိုင်းနိုင်ငံအသီးသီးနှင့် လူမျိုးပေါင်းစုံမှ အုပ်စိုးသူမင်းများသည် စည်းရုံးလျှက်တကမ္ဘာလုံး ယေရှုခရစ်က အုပ်စိုးမည့်အရေးကို ဟန့်တားကြမည်။ ၂း၁-၃ အဘယ်မျှကြိုးစားအားထုတ်ကြကာမူအချိန်ကုန်လူပမ်းဖြစ်မည်။ အဘယ်ကြောင့်နည်း။တပါးအမျိုးသားများနှင့် ယုဒလူတို့၏လျှို့ဝှက်ပူးပေါင်းကြံစည်မှုများ အဖတ်မတင်တော့ဘူးလား။တပါးအမျိုးသားရှင်ဘုရင်များနှင့် ယုဒမင်းများကဘုရားသခင်ဘိသိက်ပေးထားသောသူကို အဘယ်ကဲ့သို့ ဆန့်ကျင်ပုန်ကန်နိုင်ကြမည်နည်း။ ၂း၄-၆ ထိုသူများ၏ မိုက်မဲသောအကြံအစည်သည် ကောင်းကင်ဘုံယံရှိ...