Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဆာလံကျမ်း ၆

    ဆာ ၆၊ နှစ်ထပ်ကွမ်း ဘေးဒုက္ခ ဒါဝိဒ်သည် သေလုမျောပါး အသဲအသန်ဖျားနာသည်။ အခြားတဘက်တွင်လည်း ရန်သူများကဖိစီးနေကြသည်။ သူသည်နောက်ဆုံးအချိန်ရောက်နေပြီ။မျှောင်လင့်ချက်ကမ်းကုန်ပြီဟု ထင်သည်။ ၆း၁ ဒါဝိဒ်က ယခုကဲ့သို့ အသဲအသန်ဖျားနာခြင်းသည် ကြီးလေးသောအပြစ်ပြုမှားသောကြောင့်ဘုရားသခင်က ရိုက်နှက်ဆုံးမခြင်းဖြစ်သည်ဟု ခံယူသည်။ ယနေ့ယုံကြည်သူများသည်လည်း ဆင်းရဲဒုက္ခရောက်လျှင် ထိုအတွေးမျိုးမကြာခဏဝင်တတ်သည်။တခါတလေမှန်တတ်သည်။ အချို့နာမကျန်းမှုများသည် ဘဝအသက်တာတွင် ပြုမှားသောအပြစ်ကို မဝန်ခံသောကြောင့်ဖြစ်ပါသည် (၁ကော ၁၁း၃၀)။ သို့သော်အမြဲတန်းမဟုတ်ပါ။ ဘုရားသခင်၏ဘုန်းတန်ခိုးနှင့်ကျက်သရေထင်ရှားစေရန် အနာရောဂါသက်ရောက်စေခြင်းလည်းရှိသည်...

  • ဆာလံကျမ်း ၇

    ဆာ၇၊ ဖိစီးနှိပ်စက်ခြင်းအော်မြည်သံ ဟေဗြဲကျမ်းမူတွင် ဗင်္ယာမိန်အမျိုး ကုရှနှင့်ပက်သက်၍ ဒါဝိဒ်သီဆိုသော Shiggaion ဟုခေါ်သည်။F.W.Meyer က Shiggaion ဆိုသည်မှာ ကံဆိုးမိုးမှောင်ကျရောက်၍ ကြံရာမရသည့်အချိန်မှာ မသိစိတ်မှအန်ထွက်လာသော ခံစားချက်ဖြစ်သည်ဟုဆိုသည်။ကုရှသည် ရှောလု၏အမျိုးဖြစ်၍ လက်ရုံးတော်လည်းဖြစ်သည်။ ဒါဝိဒ်၏အံ့ဘွယ်ရန်သူတဦးလည်းဖြစ်သည်။NKJV ကျမ်းမှုက Shiggaion ကို အထူး အာရုံပြုခြင်းMeditation ဟု ပြန်ဆိုထားသည်။ ၇း၁-၂ ထပ်ချပ်မကွာလိုက်လာကြသော ရန်သူများ၏လက်ထဲမှ ကယ်လွှတ်ပါရန် ဘု...