ဆာလံကျမ်း ၂၆
ဆာ ၂၆၊ သီးသန့်ရှိခြင်း ဆာလံသီချင်း အပေါ်ယံဖတ်ရှုလျှင် ကိုယ်ကျိုးအတ္တအကြောင်းထင်ရသည်။ သေချာဖတ်ရှုလျှင် လောကီမှုရေးရာနှင့်ကင်း ကွာပြီး၊ ဘုရားသခင်ဘက်၌ လုံးလုံးလျားလျားဆက်ကပ်ဖို့ သွန်သင်ထားသည်။ ဒါဝိဒ်သည် ဘုရားတရားမသိရှိ သော မတရားလူများနှင့် ယေဟောဝါဘုရားကို အမှန်တကယ်ယုံကြည်သောသူအကြားရှိ လူများနှင့်ရင်ဆိုင်နေရ သည်။ လူ့လောကတွင် အပြစ်ဒုစရိုက်ကင်းစင်သော နေရာမရှိသော်လည်း သူသည်အပြစ်ကင်းစင် မည့်အကြောင်း လျှောက်လဲထားသည်။ ၂၆:၁-၃ ဘဝတစ်ခုလုံးကို ဘုရားသခင်ထံသို့ပုံချထားသည်။ ဘုရားရှင်၏...