Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဆာလံကျမ်း ၄၇

    ဆာ ၄၇ နှစ်သစ်ကူးမင်္ဂလာ ယေရုရှလင်သည် ရွှေခေတ်ပထမနေ့ရက်တွင် မေရှိယသခင်သည် အမျိုးသားကဇာတ်ရုံကြီး၌ ပွဲလမ်းသဘင်ကျင်းပနေပြီ။ ပွဲတော်မင်္ဂလာ၏အဓိက အစီအစဉ်မှာဆာ ၄၇ အတိုင်းဖြစ်သည်။ ကမ္ဘာ အရပ်ရပ်မှတိုင်းနိုင်ငံသားများရောက်လာ၍ လက်ခုတ်သြဘာပေးချီးမြှင့်ကြသည်။ ၄၇:၁–၄                     ဆာလံဆရာကမ္ဘာအရပ်ရပ်ရှိတပါးအမျိုးသားများရောက်လာကြ၍ ညီညာဖျ ဖျလက်ခုတ်သြဘာတီးကြပြီးဘုရားသခင်အား ချီးမွမ်းကြသည်။ ဂုဏ်ပြုသီချင်းဖြင့် အခမ်းအနား ဖွင့်သည်။ စိတ်ပါလက်ပါဖြင့် ပါဝင်ဆင်နွှဲကြသဖြင့် ပသာဒရှိလှသည်။ စာဆိုတော်များက “အမြင့်ဆုံး သောထာဝရဘုရားသည်...

  • ဆာလံကျမ်း ၄၈

    ဆာ ၄၈ ဘာမြင်ခဲ့ကြသလဲ ပင်လယ်ရပ်ခြားသားတဦးယေရုရှလင်မြို့မတံခါးသို့ ဘုမသိဘမသိရောက်လာသည်။ စာထဲ တွင်မြို့သူမြို့သားများသည် ရန်သူများဝိုင်းရံခံရမှာကို စိုးရိမ်နေကြသည်။ အရပ်စကားဖြင့်ပြောရ လျှင်စိတ်ဓာတ်ကျနေကြသည်။ ထိုအခါဘုရားသခင်က အံ့ဘွယ်တန်ခိုးပြသသည်။ ရန်သူများအတုံး အရုံးလဲသေကြသည်။ ထိုမြင်ကွင်းကို မြင်သောအခါ ထိတ်လန့်သွားကြပြန်သည်။ ယေရုရှလင်မြို့ သည်ပျက်စီးခြင်း ဘေးရန်ဆိုးမှ ကင်းလွတ်သွားသဖြင့်လှိုင်းလုံးကြီးများသဖွယ် ထောပနာသီချင်းဆို ကြသည်။ ဆာ ၄၈ သည် ထိုမြင်ကွင်းအခိုက်အတန့်အား လျှပ်တပြတ်ရိုက်ချက်ဖြစ်သည်။ ၄၈:၁–၂...

  • ဆာလံကျမ်း ၄၉

    ဆာ ၄၉ မတရားသောသူများနှင့်ဥစ္စာဓန လူ့လောကပတ်ဝန်းကျင်တွင် သာမန်သူများဘဝင်ကျင်အောင် ရှင်းမပြနိုင်သည့်စကားမှာ ယုံကြည်သူများဆင်းရဲမွဲတေ၍ မယုံကြည်သူများဥစ္စဓနပေါကြွယ်ဝသည့် အကြောင်းဖြစ်သည်။ သို့ သော်ထိုစကားသည်အပြည့်အစုံ မဟုတ်သေး။ ဘုရားတရားမသိသူများ၏ ကြွယ်ဝချမ်းသာခြင်း သည်ခွေးရူးကောင်းတမွန်းတည့်သာ ခံပါသည်။ မိုးကောင်းတုန်းရွာခြင်းဖြစ်သည်။ သေရွာပါမသွား ပါ။ ထိုဥစ္စာဘဏ္ဍာများကို ထာဝရမသုံးစွဲနိုင်ပါ။ သင်္ချိုင်းကုန်းမရောက်အောင်မတားဆီးနိုင်ပါ။ ကုန်လွန်ခဲ့သော အခွင့်တရားများကိုလည်း ပြန်မရွေးပေးနိုင်ပါ။ ဘုရားသခင်ထက်လောကဥစ္စဓန နောက်သို့လိုက်ခြင်းသည် လူမိုက်သူရူးအလုပ်ဖြစ်ကြောင်းကို ဆာ ၄၉ကသွန်သင်ထားသည်။...