Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဆာလံကျမ်း ၅၀

    ဆာ ၅၀ ဘုရားသခင်စီရင်မည့်တရားစီရင်ခြင်း           ဘုရားသခင်ကိုယ်တိုင်တရားသူကြီးအဖြစ် စီရင်မည့်တရားခွင်ရောက်နေကြပြီ။ တရားခံက ဣသရေလလူမျိုးကောင်းကင်နှင့်မြေကြီးတို့က သက်သေများဖြစ်ကြသည်။ သို့သောဣသရေလတို့၏အတိတ်သမိုင်းကြောင်းကိုပြန်လည်စစ်ကြောခြင်းမဟုတ်။ ကိုယ်တော်၏သန့်ရှင်းသူများရှေ့ဆက်လုပ်ဆောင်ရမည့်အကြောင်း ဖြစ်သည်။ တရားခွင်မြင်းကွင်း (​၅၀:၁–၆)           ၅၀:၁ ပထမစီရင်ချက်မှာကြားသည့်အတိုင်း အရှေ့မှအနောက်တိုင်အောင်ဣသရေလမြေပေါ် ရှိနေသူများ၃၆ဖြစ်သည်။ တန်ခိုးကြီးသောထာဝရဘုရားကဗျာဒိတ်တော် ပေးတော်မူသည်။ ၅၀:၂–၃ ဒုတိယမြင်ကွင်းမှာ ဇိအုန်တောင်ပေါ်မှာတရားပလ္လင်ရုံးထိုင်သည်။ ဘုန်းတန်းခိုး ရောင်ခြည်ထွန်းလင်းလျက်တောက်ပနေသည်။ ကိုယ်တော်သည်သူ့လူများ၏အပြစ်များကို ကာလ ရှည်ထိန်းသိမ်းမနေ။ မီးတောက်လျှံများဖြင့်...

  • ဆာလံကျမ်း ၅၁

    ဆာ ၅၁ နောင်တရေမွှေး ခပ်မွှေးမွှေး           Alexander Maclarence က “ဘုရားသခင်အလိုတော်ရှိသောရေမွှေးသည် နောင်တရနံ့ သင်းပျံ့၍ အပြစ်အညစ်အကြေးများကိုလည်း သန့်စင်စေသည်”ဟုဆိုသည်။ ဆာ၅၁သည်ထိုစကား နှင့်တသားတည်းဖြစ်သည်။ ဒါဝိဒ်မင်းကဗာသရှေဘနှင့်ကာမေသုကျူးလွန်းပြီးသည့်အပြစ် သူ့ခင်းပွန်းစစ်သူကြီး ဉရိယကိုပါသေကြောင်းကြံစည်ခဲ့ပြီးသည့်နောက် ပရောဖက်နာသန်က ဒါဝိဒ်မင်းအားမခြွင်းမချန်အပြစ်ဖော်ထုတ်သည့်အကြောင်းဖြစ်သည်။ ထိုပရောဖက်စကားကို ကြားသောအခါ ဒါဝိဒ်မင်းသည် စိတ်နှလုံးကြေမွလျက်မိမိအပြစ်ကို ဝန်ချသည်။ ဒါဝိဒ်မင်းအပြစ်ဝန်ချပုံကို ဆက်လက်လေ့လာကြည့်ကြပါစို့။ ၅၁:၁ အကျွန်ုပ်ကိုသနားတော်မူပါ။ အကျွန်ုပ်သည်အရေးယူအပြစ်ပေးထိုက်သူဖြစ်ပါသည်။...

  • ဆာလံကျမ်း ၅၂

    ဆာ ၅၂ ဗြောင်ကျကျသစ္စာဖောက် နောက်ခံသမိုင်းကြောင်းကို ၁ ရာ ၂၁၊ ၂၂ တွင်တွေ့နိုင်သည်။ ရှောလုဘုရင်၏ သိုးတော်ထိန်းအုပ် ဧဒုံအမျိုးပါဒေါဂ အကြောင်းဖြစ်သည်။ သူသည် ဒါဝိဒ်ဆင်းရဲဒုက္ခရောက်၍ ထွက်ပြေးတိမ်းရှောင်နေစဉ် ဂေါလျက်၏ဓါးအား အဘိမလက်ယဇ်ပုရောဟိတ်ထံမှယူပေးခဲ့သည်။ ထို့နောက် ရှောလုမင်းထံသို့ သတင်းပေးသည်။ ရှောလုမင်း၏ အမိန့်အရ ဘုရားသခင်၏ ယဇစ်ပုရောဟိတ် (၈၄)ပါးကို သတ်ဖြတ်ခြင်းဖြင့် ဆုလက်ဆောင်ရယူခဲ့သည်။ ထို့အပြင် အဟိမလတ်...