ဆာလံကျမ်း ၇၇
ဆာ ၇၇၊ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်း ပထမပိုင်း အပိုဒ်ငယ်(၁၀)ခုတွင် အာသပ်သည်မိမိကိုယ်ကို ပြန်လည်ဆန်းစစ်သည်။ ငါ၊ ငါ့ကို၊ ငါ၏ဟူသောနာမ်စားစကားလုံး အကြိမ်ပေါင်း(၂၀)ကျော်သုံးထားသည်။ ဘုရားသခင်၏ နာမတော်ကို (၇)ကြိမ်သုံး၍ ဘုရားသခင်ကိုရည်ညွှန်းသည့်စကားလုံး(၇)ကြမ်သုံးထားသည်။ အပိုဒ်ငယ်(၁၀)တွင်မူ တေးသွားသည်တဆစ်ချိုးပြောင်းလဲသွားသည်။ နောက်ပိုင်းအပိုဒ်ငယ်(၁၀)ခု တွင် ပုဂ္ဂိုလ်ရေးရာနာမ်စားကို (၃)ကြိမ်သာသုံး၍၊ ဘုရားသခင်၏ဇာတိတော်ညွှန်းဆိုသည့်ဝေါဟာရ ကို (၂၀)ကြိမ်တိုင်တိုင်သုံးထားသည်။ ခရစ်တော်၏ အမှုတော်တွင်လည်းသန့်ရှင်းဝိညာဉ်တော်ညွှန်း ဆိုရာတွင် ငါ၊...