Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဆာလံကျမ်း ၈၃

    ဆာ ၈၃၊ ခြောက်ရက်စစ်ပွဲဆာလံတေး ၁၉၆၇ခုနှစ် မေလ ၂၈ ရက်တွင်အီဂျစ်အာရပ် ပြည်သူ့သမ္မတ ဂမဲလ်အဗ္ဗဒယ်နာဆာက “ဣသရေလကို အပြီးအပိုင် ချေမှုန်းတိုက်ခိုက်ဖို့ ပြင်ဆင်ထားပြီး။ အကြွင်းမဲ့စစ်ပွဲဆင်နွှဲမည်။ ကျွန်ုပ်တို့၏ အဓိကရည်မှန်းချက်မှာ ဣသရေလကို အမှုန့်ကြိတ်ပစ်မည်”ဟု အသံလွှင့်သည်။ ဇွန်လ၅ရက်နေ့တွင် တိုက်ပွဲပြီးဆုံးသွားသည်။ စစ်ပွဲပြီးသောအခါ ဂျော်ဒန်၊ ဆီးရီးယား၊ အီရတ်၊ အယ်လ်ဂျီးယား၊ ဆူဒန်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျနှင့် မော်ရိုကိုနိုင်ငံများ...

  • ဆာလံကျမ်း ၈၄

    ဆာ ၈၄၊ ကောင်းကင်ဘုံယံ လွမ်းဖျားနာ အထွေအထူး အနက်ရှည်ရှည်ဖွင့်ပြစရာလိုမည်မထင်။ တိုင်းတပါးသို့ကျွန်ဘဝဖြင့် ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရသော ဣသရေလလူများ၏ ယေရုရှလင်ဗိမာန်လွမ်းဆွတ်သတိရခြင်း ​ဝေဒနာအကြောင်း ဖြစ်သည်။ ယနေ့ခေတ်ကာလနှင့်လည်း တိုက်ဆိုင်သည်။ တချို့သော အာဏာရှင်နိုင်ငံများတွင် ဘုရား၀တ်ပြုခွင့် မရှိ။ ဘုရားရှိခိုးကျောင်းပိတ်သိမ်းကြသောကြောင့် ဘုရားမရှိခိုးနိုင်ကြ။ စိတ်နှလုံးထိခိုက်နာကျင်စွာဖြင့် ၀တ်ပြုကိုးကွယ်ခြင်းကို တမ်းတနေကြသည်။ သို့သော်လည်း သာဝကခရီးသည်ဘ၀ဖြင့် ဘဝတခုလုံးဆက်ကပ်အပ်နှံသူများ၏ ကောင်းကင်ဘုံယံ လွမ်း​ဝေဒနာအဖြစ်ခံယူလျှင် အဓိပ္ပါယ်ပြည့်၀ဆုံးဖြစ်ပေမည်။...

  • ဆာလံကျမ်း ၈၅

    ဆာ ၈၅ တဖန်နိုးထစေတော်မူပါ ဤနိုးထမှုဆုတောင်းကို အောက်ပါအတိုင်း (၄)ပိုင်းခွဲ ခြားလေ့လာနိုင်သည်။ အတိတ်ကာလတွင် ဣသရေလတို့နိုးထခဲ့မှု (ငယ် ၁-၃) ဘုရားသခင်ထံတဖန်လျှောက်ထားကြခြင်း (ငယ် ၄-၇) ဘုရားသခင်ထံမှ အဖြေစကားနားထောင်ခြင်း (ငယ် ၈-၉) နောင်တွင်ပြန်လည်နလံထူမည့်ကတိတော် (ငယ် ၁၀-၁၃) ဣသရေလတို့၏ ပြန်လည်နလံထူထောင်ရေးသည် မဖြစ်နိုင်သော အကြပ်အတည်း အရေးအခင်း မဟုတ်ပါ။ ဗာဗုလုန်ကျွန်အဖြစ် ဖမ်းဆီးခြင်းခံရပြီးသည့်နောက်ပိုင်းတွင် ပြန်လည်ထူထောင်ခြင်းမရှိသေး။...