ဆာလံကျမ်း ၉၅
ဆာ ၉၅ ၀တ်ပြုကိုးကွယ်ခြင်းနှင့်သတိထားစရာ ဆာလံဆရာက ရွှင်လန်းတက်ကြွစွာ အတူတကွ၀တ်ပြုကိုးကွယ်ရာဘို့ ဖိတ်ခေါ်သည်။ ကျမ်းစာ ရေးသူ၏အာဘော်မဖမ်းမိလျှင် နားလည်ရခက်သည် (ဟေဗြဲ ၄:၇တွင် ဆာလံသီချင်းကို ဒါဝိဒ်၏စီရင် ရေးသားချက်ပိုများသောကြောင့် ဒါဝိဒ်၏ဆာလံသီချင်းဟု အလွယ်တကူခေါ်ကြသည်။ အမှန်မှာ ဆာလံဆရာ အများအပြားပါ၀င်သည်)။ ၉၅:၁–၂ သန့်ရှင်းဝိညာဉ်တော်ယေဟောဝါဘုရားရှင်ကိုကိုးကွယ်ကြရန် ဣသရေလလူများအား ပြန်လည်စည်းရုံးပင့်ဖိတ်ထားသည်။ ဣသရေလတို့ကံဆိုးမိုးမှောင်ကျ၍ ခေတ်ပျက်သည့်ကာလဖြစ်သည်။ သို့သော် ထိုစကားသည် ဣသရေလလူမျိုးကိုကျော်လွန်၍ ယနေ့လူများနှင့်လည်းသက်ဆိုင်သည်။...