Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ထွက်မြောက်ရာကျမ်း ၆

    ၆:၁–၁၂ ထိုအခါ ဘုရားသခင်က မောရှေအား စိတ်ပျက်အားငယ်ခြင်းမရှိစေရန် ဖာရောမင်းအား အရေးယူမည့်အကြောင်း ပြောပြသည်။ ဘုရားသခင်က လက်တော်ဆန့်၍ ဣသရေလအမျိုးကို ကယ်နှုတ်မည့်အကြောင်း ကတိတော်ပေးသည်။ ဘုရားသခင်သည် El-Shadai, ဘုန်းတန်ခိုးကြီးမားသော ဘုရားရှင် (NKJV) ဖြစ်သည်။ လူတို့ကိုးကွယ်ရုံသာ ကိုးကွယ်သော ဘုရားမကပါ။ ဘုန်းတန်ခိုးအာနုဘော် ပြည့်စုံကြွယ်ဝသည်။ အရာခပ်သိမ်းကို တတ်စွမ်းနိုင်သည်ဟု အနက်ရသည်။ ဣသရေလလူမျိုးအား အဲဂုတ္တုပြည်မှ ခေါ်ထုတ်ပြီး...

  • ထွက်မြောက်ရာကျမ်း ၇

    ၇:၁–၅ အခန်းကြီး(၆) တွင် မောရှေသည် ဖာရောမင်းထံသို့ ဝင်ရောက်ခစားခြင်းဖြင့် အဆုံးသတ်ထားသည်။ ဖာရောမင်းရှေ့သို့ မောရှေ ရောက်ရှိခြင်းသည် ဘုရားသခင်၏ ကိုယ်စားလှယ်တော် အဖြစ်ဖြင့် ခစားခြင်းဖြစ်သည်။ မောရှေက ဆိုလိုရင်းအဓိပ္ပါယ်ကို အာရုန်သို့ ပြောပြ၍ အာရုန်က ချောမောပြေပြစ်အောင် ပြောဆိုပေးသည်။ ဖာရောမင်းက သဘောမတူလက်မခံသော်လည်း ဘုရားသခင်၏ စကားတော်ကို မည်သူငြင်းဆန်နိုင်မည်နည်း။ ၇:၆ အာရုန်သည် အသက်(၈၃)နှစ် ရှိ၍...

  • ထွက်မြောက်ရာကျမ်း ၈

    (ခ) ဒုတိယကပ်ဆိုး၊ ဖားအန္တရာယ် (၈:၁–၁၅)           ၈:၁–၁၅ အဲဂုတ္တုတစ်ပြည်လုံးတွင် ဖားပြုပ်ထကြသောအခါ ဖာရောမင်း စိတ်အနှောင့်အယှက်ဖြစ်သဖြင့် မောရှေအား ခေါ်မေးသည်။ မောရှေက ကိုယ်တော်အိမ်များမှ ဖားများပယ်ရှင်း၍ မြစ်၌သာနေစေခြင်းငှါ လူများအဖို့ ဆုတောင်းပေးရမည့် အချိန်သတ်မှတ်ပေးပါဟု ဆိုသည်။ ဖာရောမင်း၏ မျက်လှည့်ဆရာများကလည်း ဖားပြုပ်လုပ်ကြသော်လည်း အရာမထင်။ အဘယ်ကြောင့်ဆိုသော် ထိုသူများ၏အစွမ်းသည် စာတန်နတ်ဆိုးထံမှ ရရှိသော တန်ခိုးများဖြစ်သည်။ နောက်တစ်နေ့တွင်...