ဆာလံကျမ်း ၁၁၉
ဆာ ၁၁၉၊ သမ္မာကျမ်းစာတော်မြတ်မှာပါသမျှ ဤဆာလံတေးကို သမ္မာကျမ်းစာ ရွှေအက္ခရာ သင်ပုန်းကြီးဖတ်စာဟုခေါ်ကြသည်။ အပိုင်း(၂၂)ပိုင်း ခွဲခြားနိုင်သည်။ အပိုင်းတပိုင်းစီကို ဟေဗြဲအက္ခရာ ဗျည်းတခုစီဖြင့် စီထားသည်။ အပိုင်းတိုင်းတွင် ကျမ်းချက် (၈)ခုစီ ပါဝင်၍ ထိုအပိုင်းများကို ဟေဗြဲဗျည်းအစဉ်လိုက်ဖြင့် အစပြုသည်။ ဥပမာ ပထမပိုင်း၏ ကျမ်းပိုဒ် အစများကို ဟေဗြဲဗျည်း Aleph ဖြင့်စ၍ ဒုတိယပိုင်း ကျမ်းပိုဒ်များကို Beth...