Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဆာလံကျမ်း ၁၃၄

    ဆာ ၁၃၄၊ လာကြ ဘုရားရှင်ကိုကောင်းချီးပေးကြ ၁၃၄:၁–၂ နေ့စဉ်လုပ်ငန်းဆောင်တာများ ပြီးစီးသွားကြသောအခါ ဗိမာန်တော်ရှိလူများသည် မိမိတို့နေအိမ်အသီးသီးသို့ ပြန်သွားကြသည်။ ဗိမာန်တော်တွင် ယဇ်ပုရောဟိတ်နှင့် လေဝိသားများသာ ညဉ့်စောင့် ကျန်ရစ်ခဲ့ကြသည် (၅ရာ ၉:၃၃)။ နံ့သာဆီမွှေး မီးရှို့ပူဇော်ကြသည်။ ကျေးဇူးတော်ချီးမွမ်းကြသည်။ ချီးမွမ်းကိုးကွယ်ကြသည် (၆ရာ ၂၉:၁၁၊ ၃၁:၂)။ ထိုသို့အိမ်ပြန်သွားကြသောအခါ ယဇ်ပုရောဟိတ်များက အပိုဒ်ငယ်(၂)ခုကို သီဆိုကြဟန်ရှိသည်။ ကျမ်းစာသားများအရ ဗိမာန်တော်...

  • ဆာလံကျမ်း ၁၃၅

    ဆာ ၁၃၅၊ဘာကြောင့်ချီးမွမ်းရပါ့ ၁၃၅:၁–၂ ပထမအပိုဒ်ငယ်(၂)ခု ပရိတ်သတ်ကြီးအား ဘုရားသခင်ကို ချီးမွမ်းကိုးကွယ်ကြဖို့ လှုံဆော် သည်။ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့အသံ ဖြစ်သည်မှန်သော်လည်း အဓိကပရိသတ်မှာ ဣသရေလလူများ နှင့်ဘုရားသခင်ကို ချစ်ကြောက်ရိုသေသူများသို့ပစ်မှတ်ထားသည်။ ၁၃၅:၃ ဘုရားသခင်၏နာမတော်ကို ချီးမွမ်းကိုးကွယ်ရသည့် အကြောင်းရင်းများ ထုတ်ဖော် ထားသည်။ ကိုယ်တော်သည် ကောင်းမြတ်သည်။ အဘယ်မျှကောင်းမွန်ကြောင်း ထုတ်ဖော်ပြောဆို၍ မကုန်နိုင်။ လက်ရာတော်ဟူသမျှသည် ကောင်းမွန်၍ လေးစားကြည်ညိုထိုက်သည်။...

  • ဆာလံကျမ်း ၁၃၆

    ဆာ ၁၃၆၊ ကြီးမြတ်တော်မူသောအရှင် ဤဆာလံတေးသည် တမူထူးခြားသည် အပိုဒ်ငယ်ပေါင်း (၂၆)ပိုဒ်ပါဝင်၍ သံစဉ်တခုတည်းရှိသည်။ ‘ကရုဏာတော်သည် ထာဝရတည်ပါပေသည်’ဟု တခါတည်းနှင့်မကျေနပ် မလုံလောက်သောကြောင့် “ကျေးဇူးတော်သည် ထာဝရတည်ပါပေသည်”ဟု ဆင်တူရိုးမှား ထပ်ကျော့ထားသည်။ Thomas Goodwin က ” ဤဆာလံကျမ်းတပုဒ်တည်းတွင် ထာဝရတည်တံ့သည့်အကြောင်း (၂၆)ကြိမ်ပါရှိပါသည်”ဟုဆိုသည်။ သိရှိထားကြသည့်အတိုင်း ကြီးမြတ်တော်မူသော ဘုရားရှင်ကို ဂုဏ်ပြုစပ်ဆိုသည့် ဆာလံတေး ဖြစ်သည်။  Pesach...