ဆာလံကျမ်း ၁၄၀
ဆာ ၁၄၀၊လူဆိုးသူယုတ်တို့လက်ထဲမှ ၁၄၀:၁–၃ ရန်သူများ၏လုပ်ကြံခြင်းမှ လွတ်မြောက်ခွင့်ပေးရန် ဒါဝိဒ်မင်းစတင်ဆုတောင်းသည်။ လူဆိုးများက အသက်ရန်ရှာကြသည်။ လူယုတ်မာများက နှိပ်ကွပ်ကြသည်။ ထိုသူများက သူများကို ဒုက္ခမပေး လျှင် စားမဝင်၊ သူများကို မနှိပ်စက်လျှင် အိပ်မပျော်ကြသူများဖြစ်သည်။ တဘက်လူကို အားမနာ လျှာမကျိုးပြောကြသည်။ မြွေကဲ့သို့ပင် လျှာအောက်၌ အဆိပ်ပါကြသည်။ ပြောစကားများသည် နားထောင် ချင်စဖွယ်မရှိ။ အဆိပ်အတောက်ချည်းဖြစ်သည်။ ၁၄၀:၄–၅ သို့ကြောင့်...