Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • သုတ္တံကျမ်း ၂၂

    ၂၂:၁  နာမည်ကောင်းသည် စည်းစိမ်ဥစ္စာချမ်းသာခြင်းထက် မြတ်၏။ ကိုယ်ကျင့်တရား ကောင်းမြတ်ခြင်း၏ ရတနာအသီး ဖြစ်သည်။ စည်းစိမ်ဥစ္စာထက် အဖိုးတန်သည်။ အစွမ်းတန်ခိုးရှိသည်။ ရေရှည်ခံသည်။ ထို့ကြောင့် ရွှေငွေ ကျောက်မျက်ရတနာများထက် ဂုဏ်သရေကို မြတ်နိုးတွယ်တာအပ်သည်။ ၂၂:၂ လူမှုပတ်ဝန်းကျင်တွင် အဆင့်အတန်း အရည်အချင်း ကွဲပြားခြားနားကြသော်လည်း တနေရာတည်းမှ အတူတူရောက်ရှိလာကြသည်။ ဘုရားသခင် ဖန်ဆင်းထားသော လက်ရာများ ဖြစ်သည်။ လူ့ဘဝဇာတ်ခုံပေါ်မှာ အမျိုးမျိုးအသုံးတော်...

  • သုတ္တံကျမ်း ၂၃

    ၂၃:၁–၃ အစားအသောက်တပ်မက်ခြင်းနှင့် စားပိုးနင့်ခြင်းအကြောင်းကို သတိပေးထားသည်။  မိမိထက်ကြီးရင့်သူများနှင့် အတူတကွ စားသောက်ဖွယ်သုံးဆောင်သောအခါ ထိုသူ၏ အခြေအနေနှင့် ကျွေးမွေးရခြင်းကို ဦးစွာစဉ်းစားပါ။ (JND)။ သင့်စားလုတ်ထဲတွင် ဓါးမြှောင်ထည့်ထားပါဆိုသည်မှာ အစားအသောက် ဆင်ခြင်ပါဟု ဆိုလိုသည်။ အချို့က စားသောက်ပွဲဖိတ်တိုင်း သွားဖြဲနားဖြဲ မစားနှင့်။ ဝေသန္တရာမျက်ရည်ကျအောင်မလုပ်နှင့် ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် အချို့ဧည့်ခံပွဲနောက်ကွယ်တွင် အခြားအကြောင်းအရာ အကြံအစည် ရှိနိုင်သည်ဟု သတိပေးကြသည်။ ၂၃:၄–၅...

  • သုတ္တံကျမ်း ၂၄

    ၂၄:၁–၂ မတရားသောသူများကို ငြူစူခြင်း၊ အတုယူခြင်းသည် ဉာဏ်ပညာမဟုတ်။ ထိုသူများနှင့်လည်း အပေါင်းအသင်းမလုပ်ရ။ အခြားသူများကို သူတို့နှင့်တန်းတူဟု သဘောထားတတ်ကြသည်။ မည်ကဲ့သို့သော တန်းတူသနည်း။ သူတပါးဆင်းရဲဒုက္ခရောက်အောင် ပျက်စီးအောင် အမြဲတန်း ကြံဆောင်သည်။ သူတပါးမျက်ရည်ကျမှ ထမင်းစားမြိန်သူများ ဖြစ်သည်။ ၂၄:၃–၄ အိမ်ဆိုသည်မှာ လူ့ဘဝအသက်တာကို ဆိုလိုသည်။ အောင်မြင်သောအိမ်ကြီးဂေဟာကို ဆိုးယုတ်ခြင်းဖြင့် မတည်ဆောက်နိုင်။ ဘုရားကိုသိကျွမ်းခြင်း အသိဉာဏ်ဖြင့်သာ တည်ဆောက်နိုင်သည်။ မတရားမှုက...