ရှောလမုန်သီချင်း ၄
၉။ ရှောလမုန်က ထပ်မံပိုးပန်းခြင်း၊ အပျိုမ အချော့မခံခြင်း (၄း၁-၆) ၄း၁-၅ “သီချင်းများ၏ သီချင်း” ထဲတွင် စကားပြောနေသူ (၃)ဦးပါ၀င်သည်ဟု အယူအဆအငြင်း ပွားကြသည်။ ဤကျမ်းပိုဒ်၌ စကားပြောသူသည် ရှောလမုန်လား၊ သိုးထိန်းလား၊ မသဲကွဲပါ။ ရှောလမုန်ဟုယူဆရပါသည်။ ရှောလမုန်မင်းယေရုရှလင်သို့ ပြန်ရောက်၍ သိမ်းသွင်းထားသော ရှုလမိတ်အားနောက်ထပ်တဖန်ချစ်ခွင့် ပန်ခြင်းဖြစ်သည်။ ရှုလမိတ်၏အလှကျက်သရေကို အသေးစိပ်ဖွဲ့ဆိုထားသည်။ ဗျာပါဆံ၊ ဆံနွယ်ကြားမှ ချိုးမျက်လုံးများသည်...