ဟေရှာယအနာဂတ္တိကျမ်း ၁၀
၁၀:၁-၄ အတင်းအဓမ္မကြံစည်သောမင်း၊ဆင်းရဲသားများကိုနှိပ်စက်သူ၊မတရားသဖြင့်စီရင်တတ်သောသူများသည်အမင်္ဂလာ(အကုသိုလ်ကောင်)များ ဖြစ်သည်။ ဘုရားသခင်၏တရားစီရင်ခြင်းနေ့ရက်ကာလ၌ထိုသူများသည်ရှိရှိ သမျှလက်လွှတ်ဆုံးကြမည်။ မူလရှိသည့်ချမ်းသာခြင်းများကိုလည်းပျက်စီးမည်။ စာရင်းထဲမှပါသွားမည်။ ၁၀:၅-၁၁ ယုဒများအားအရေးယူစီရင်ရန်ဘုရားသခင်သည်အာရှုရိများကိုလက်နက်တန်ဆာအဖြစ်အသုံးပြုသည်။ သို့သော်အာရှုရိများသည်ထိုထက် ကြီးမားသောကိုယ်ပိုင်စီမံကိန်းရှိသည်။ ကမ္ဘာကြီးတစ်ခုလုံးကိုသိမ်းပိုက်ပိုင်ဆိုင် ချင်သည်။ ရှင်ဘုရင်မှူးမတ်များ(စစ်သူရဲကောင်းများ)အပေါ်ဂုဏ်ပြုကြွားဝါ ခြင်းသည်တိုက်ခိုက်သိမ်းပိုက်ထားသောတိုင်းနိုင်ငံများထက်ကြီ:ကျယ်သည်။ ဣသရေလနှင့်ယုဒပြည်များမှသိမ်းပိုက်မည့်ရုပ်တုဆင်းတုအရုပ်ဘုရားများ သည်ဖမ်းဆီးသိမ်းဆည်းထားသောအခြားနိုင်ငံများမှဘုရားရုပ်များနှင့်ယှဉ် လျှင်ပြောပလောက်စရာမရှိ။ ၁၀:၁၂-၁၉ ရှင်ဘုရင်နှင့်စစ်သူကြီးများသည်အာရှုရိပြည်၏ဂုဏ်ယူဝင့် ကြွားရာဂုဏ်သိက္ခာဖြစ်သော်လည်းဘုရားသခင်အမြင်တွင်ရက်စက်သူများ ဖြစ်သည်။ ထို့ကြောင့်အာရှုရိမင်းများကိုဘုရားရှင်ကအရေးယူဒဏ်ပေးမည်။ ကျမ်းပိုဒ်နှောင်းပိုင်းတွင်အာရှုရိပြည်၏အင်အားကြီးမားပုံနှင့်ဉာဏ်ပညာ ပြည့်ဝပုံကိုဖော်ပြထားသည်။ ဘုရားသခင်လက်တော်ထဲမှကြိမ်လုံးနှင့်တောင် ဝှေးသည်ဂုဏ်ယူမာနကြီးခြင်းမဟုတ်။ အာရှုရိပြည်သားများဆုံးမဖို့ဖြစ်သည်။ သစ်တောအုပ်ကြီးသမျှအသီးအနှံကြွယ်ဝသောအာရှုရိပြည်ကိုအသီးအနှံတလုံး မှမကျန်အောင်ပြုလုပ်ဦးမည်။...