Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဟေရှာယအနာဂတ္တိကျမ်း ၂၂

    ၁၁။ ယေရုရှလင်(အခန်း၂၂) ၂၂:၁-၅ ဗျာဒိတ်ရူပါရုံချိုင့်ဝှမ်းသည်ယေရုရှလင်မြို့ကိုရည်ညွှန်းသည် (ငယ်၉၁၁ကိုကြည့်)ယေရုရှင်လင်မြို့တော်သည်ဝိုင်းရံခြင်းခံနေရသည်။ မြို့သူ မြို့သားများသည်အိမ်ခေါင်မိုးနှင့်မြို့ရိုးမျှော်စင်တက်၍လာရောက်ဝိုင်းရံသော ရန်သူများကိုလှမ်းကြည့်ကြသည်။ တချိန်ကပျားပန်းခတ်မျှစည်းကားခဲ့သော မြို့လယ်လမ်းမကြီးသည်ပလိပ်ရောဂါသည်များဖြင့်ဒုက္ခတောများဖြစ်ပြီ။ အုပ် စိုးသူမင်းများနှင့်မြို့သူမြို့သားများထိုဘေးရန်မှလွတ်မြောက်ဖို့ကြံစည်ရုန်း ကန်ကြသည်။ ထိုမြို့သားများထဲတွင်ဟေရှာယကိုယ်တိုင်လည်းပါဝင်သည်။  ဘုရားသခင်ကယေရုရှလင်မြို့တရားစီရင်မည့်အကြောင်းကိုအသဲတထိတ် ထိတ်ဖြင့်စိတ်ပူစောင့်ကြည့်နေရသည်။ ၂၂:၆၁-၁ ဧလံနှင့်ကိရမြို့များသည်ဗာဗုလုန်စစ်သားများအင်အားစုစည်း ရာတောင်းပိုင်းနှင့်မြောက်ပိုင်းရပ်ဖြစ်သည်။ မြင်းရထားများနှင့်မြင်းစစ်သည် တော်များသည်ချိုင့်ဝှမ်းလွင်ပြင်တစ်ခုလုံးတွင်ပြည့်နှက်လျက်မြို့တော်ကိုဝိုင်းရံ ပိတ်ဆို့ထားကြသည်။ ဂျူးလူမျိုးများသည်ဝိုင်းဝန်းပိတ်ဆို့ခြင်းဘေးရန်မှလွတ် မြောက်အောင်အကြံထုတ်ကြသည်။ ကြံ့ကြံ့ခံနိုင်အောင်စီစဉ်ကြသည်။ အိမ်နံရံ များကိုဖျက်ဆီး၍မြို့ရိုးခိုင်ခံအောင်မွမ်းမံပြင်ဆင်ကြသည်။ ရေကန်ဟောင်းမှ ထွက်သောရေများကိုသွယ်တန်းသောက်သုံးကြသည်။ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်...

  • ဟေရှာယအနာဂတ္တိကျမ်း ၂၃

    ၁၂။ တုရုသားများ (အခန်း၂၃) ၂၃:၁-၅တာရှု (စပိန်ပြည်)မှပြန်လာ၍ကုပရကျွန်းသို့ရောက်သောအခါ တံ ငါများထံမှတုရုမြို့ပျက်စီးသည့်သတင်းစကားကြားရသည်။ လူနေအိမ်ခြေများတစ်ခုမကျန်ပျက်စီးသွားသောကြောင့်ခိုလှုံတည်းခိုစရာနေရာမရှိကြ။ ဗလာကျင်း ဖြစ်သွားကြသည်။ တုရုသားများဘဝမုန်တိုင်းကျသောကြားသိရသောအခါအိမ် နီးနားခြင်းခိတုန်ကုန်သည်များသည်စကားတခွန်းမပြောနိုင်ဘဲရေငုံနှုတ်ပိတ်တိတ်ဆိတ်ကြသည်။ နိုင်းမြစ်ဝှမ်းဒေသအထက်ပိုင်းမှယူဆောင်လာသောအခါ မျိုးစေ့သီးနှံများကိုမည်ကဲ့သို့ရောင်းရတော့မည်နည်း။ တုရုပြည်၏ဗဟိုမြို့ တော် ခိတုန်မြို့သည်အရှက်ကွဲစေပြီ။ လှိုင်းပုတ်သံကြောင့်တမြို့လုံးပြိုကျပျက် စီးရပြီ။ မြို့တော်သူမြို့တော်သားများ၏ငိုကြွေးအော်ဟစ်သံသည်ပဲ့တင်သံ ထပ်နေပြီ။ တုရုမြို့သည်အမွေ့ဆက်ခံမည့်သူမရှိမျိုးကန်းပြီ။ ထိုသတင်းကြောင့်ဖောက်သည်ကြီးအဲဂုတ္တုပြည်သည်လည်းဝမ်းနည်းပက်လက်ကြေကွဲရပြီ။ ၂၃:၆-၉ တာရှု(စပိန်)သားများသည် ဝေးလံသောအရပ်ဒေသ၌ခိုလှုံစရာ ရှာကြမည်။ ရှေးယခင်ကဥစ္စာဓနကြွယ်ဝ၍စည်ပင်ဝပြောခဲ့သောမြို့သည်ယခုအခါတွင်ရပ်​ဝေးမြေခြားသို့ခြေသလုံးအိမ်တိုင်ထူကြပြီ။ အလုပ်လက်မဲ့ဖြစ်နေ ကြပြီ။...

  • ဟေရှာယအနာဂတ္တိကျမ်း ၂၄

    ၁၃။ ကမ္ဘာအဝှန်း(အခန်း၂၄) ၂၄:၁-၃ဘုရားသခင်သည်ဣသရေလမြေကိုစတင်တရားစီရင်မည်ဟုဆို သော်လည်းတချိန်တည်းတပြိုင်တည်းတွင်အရှေ့အနောက်နှင့်ကောင်းကင်နိုင်ငံမှဆိုးညစ်သူများလည်းပါဝင်သည်။ “ကမ္ဘာမြေ”ဟူသောဝေါဟာရကို“တပြည်လုံး”ဟုသုံးထားသည်။ အပိုဒ်ငယ်၂တွင်ပါရှိသည့်ယဇ်ပုရောဟိတ်သည် အပိုဒ်ငယ်၁-၃တွင်ပါရှိသောဣသရေလမြေပေါ်မှလူများကိုဆိုလိုဟန်ရှိသည်။ “တပြည်လုံး”နှင့်“လူများ”ဟူသောစကားလုံးသုံးထားသည်ကိုသတိပြုပါ။ လူ တန်းစားအလွှာစုံနေရာဒေသအနှံ့အပြားတွင်ဘေးဆိုး၊ကပ်ဆိုးကျရောက်ပျက်စီးကြမည်။ ၂၄:၄-၁၃ အပိုဒ်ငယ်တွင်ဖေါ်ပြသည့်“လောက”သည်တရားစီရင်ခြင်း ခံရမည့်နယ်မြေကျယ်ဝန်းပုံကိုဖေါ်ညွှန်းသည်။ ကမ္ဘာအဝှမ်းညစ်နွမ်းစုတ်ပဲ့မှု ကြောင့်ဘုရားသခင်ကလူများသို့ပြုထားသောထာဝရပဋိညာဉ်တရားပျက်စီး သည်။ ဤကတိတော်ကိုအချို့က နောဧသို့ပြုထားသောကတိတော်ဖြစ်သည် (က၉:၁၆)ဟုဆိုကြသည်။ သို့သော်သိရှိထားရန်အချက်မှာဘုရားသခင်၏ပဋိ ညာဉ်ကတိတော်သည်ပျက်ပြယ်ရိုးမရို။ ချို့ယွင်းချက်မရှိ။ အချို့ကမောရှေသို့ပြု ထားသောပဋိညာဉ်တရားဖြစ်သည်ဟုဆိုသည်။ ထိုစကားအရဆိုလျှင် မောရှေ သုံးပြုကတိတော်သည်ဣသရေလများအတွက်ဖြစ်သည်။ ထိုကတိတော်သည် ထာဝရကာလနှင့်ဆိုင်သောကတိတော်မဟုတ်။ The...