Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဟေရှာယအနာဂတ္တိကျမ်း ၂၅

    (င)တေးကဗျာများအကြောင်း(အခန်း၂၅-၂၇) ၁။ ဣသရေလတို့၏နိုင်ငံတော်ကောင်းကြီးမင်္ဂလာချီးမွမ်းသီချင်း(အခန်း၂၅) ၂၅:၁-၅ အခန်းကြီး-၂၅ကို“သီချင်းများအကြောင်း”ဟုဆိုသည်။ “ဘေး ဒဏ်ကြီးကာလမှရွေးနှုတ်ကယ်တင်သောဣသရေလလူအကြွင်းအကျန်များက ဘုရားသခင်၏ကယ်တင်ခြင်းဆုကျေးဇူးချီးမွမ်းထောပနာပြုခြင်းဖြစ်သည်။ ဘုရားသခင်အား ကျောင်းမှန်ကန်မှန်းသိရှိသွားအောင်ရန်သူမြို့ကြီးများ(အ မည်နာမအတိအကျမဖေါ်ပြပါ)အမှုန့်ကြိတ်ပစ်မည်။ ထိုနေ့ရက်တွင်ဘုရားသ ခင်သည်သူ့လူများအားလိုတရစေမည်။ ၁၅:၆-၉ ဘုရားသခင်သည်ဝိညာဉ်တော်ပြည့်ဝသောပွဲတော်ကိုဇိအုန် တောင်ပေါ်တွင်တည်ခင်းမည်။ မောဟအပြစ်တရားများကိုဖွင့်ချမည်။ စာတန်၏မျက်နှာဖုံးစွပ်များကိုခွာချမည်။ တိုင်းနိုင်ငံသားများမြင်သာအောင်ပြသ မည်။ ဘုရားရှင်သည်မရဏသေခြင်းကိုအောင်မြင်သည်။ (ဘေးဒဏ်ကြီးကာလတွင် သန့်ရှင်းသူများပြန်လည်ထမြောက်ကြမည်)ဝမ်းနည်းကြေကွဲခြင်းမျက် ရည်များဘုရားရှင်ကသုတ်ပေးမည်။ ကျန်ကြွင်းသောယုဒလူများက“ဤအရှင် ကား၊ငါတို့မြော်လင့်သော၊ငါတို့ဘုရားသခင်ပေတည်းငါတို့ကိုကယ်တင်တော်မူ သူ၊ငါတို့မြော်လင့်သောထာဝရဘုရားတည်း။ ကယ်တင်တော်မူခြင်းကျေးဇူး ကြောင့်ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့”ဟုဆိုကြမည်။

  • ဟေရှာယအနာဂတ္တိကျမ်း ၂၆

    ၂။ ယုဒတို့၏ခိုင်ခံ့သော ကာလတေးကဗျာ(အခန်း၂၆) ၂၆:၁-၄ ပြန်လည်စုစည်းထားသောလူနည်းစုများသည်ဘုရားသခင်အား ယုံကြည်ကိုးစား၍တွယ်တာမှီခိုကြသည်။ ဘုရားသခင်၏မြို့တော်သည်လူ့မြို့ ပြည်ရွာနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ (၂၄:၁၀)။ ဖြောင့်မတ်သောပြည်သားများ (ရွေးနှုတ်ထားသောဣသရေလလူနည်းစု)သည်ယေဟောဝါဘုရားသခင်ထံမှ ပြည့်စုံသောငြိမ်သက်ခြင်းအသက်တာကိုအပြည့်အဝခံစားကြသည်။ အပိုဒ်ငယ် ၃ကိုအမေရိကန်တေးကဗျာ Philip P.Bliss က “ဤကျမ်းပိုဒ်သည်ကျမ်းစာ အုပ်တအုပ်လုံးတွင်အနှစ်သက်ဆုံးကျမ်းပိုဒ်ဖြစ်သည်။ ”ဟုဆိုသည်။ “ကိုယ် တော်ထံတည်လျှင် ငြိမ်သက်ခြင်းစုံလင်၊ကိုယ်ကိုယုံကြည်လျှင်စိတ်နှလုံးဝိညာဉ်ကြည်လင်ပေ”ဟုစပ်ဆိုခဲ့သည်။၃၄ Moodyကအပိုဒ်ငယ်၃နှင့်၄ကို “ငြိမ်သက်ခြင်းသစ်ပင်သည်ကျောက် ဆောင် ကာလတွင်အမြစ်စွဲသောကြောင့်ခိုင်ခံမြဲမြံပေသကိုး”၃၅ ဟုဆိုသည်။ “In YAH, the...

  • ဟေရှာယအနာဂတ္တိကျမ်း ၂၇

    ၃။ ရွေးနှုတ်ထားသောဣသရေလများအတွက် တေးသီချင်း(အခန်း၂၇) ၂၇:၁ ရောက်လာမည့်ဘုရားသခင်နေ့ရက်တွင် ပြေးတတ်သောမြွေ လဝိသန်(အာရှုရိ)၊ လိမ်သောမြွေလဝိသန်(ဗာဗုလုန်)၊ ပင်လယ်၌ရှိသောနဂါး(အဲ ဂုတ္တု) တို့ကိုယေဟောဝါဘုရားသုတ်သင်ဖယ်ရှားပေးမည်။ အချို့ကျမ်းစာပညာ ရှင်များကထိုမကောင်းဆိုးဝါးသုံးကောင်စလုံးသည်ဗာဗုလုန်ကိုရည်ညွှန်းသည်ဟုဆိုကြသည်။ အချို့ကစာတန်မာရ်နတ်ဟုဆိုကြသည်။ လောကတခွင်ကိုမွှေ နှောက်နိုင်စွမ်းရှိသောမြွေဆိုးသို့မဟုတ်နဂါးဖြစ်သည်ဟုဆိုကြသည်။  (က ၃:၁၊ ဗျာ၁၂:၃၊ ၁၃:၂၊ ၁၆:၃)။ ၂၇:၂-၆ ထိုနေ့ရက်ကာလတွင် ဘုရားသခင်ရွေးနှုတ်ထားသောစပျစ်ဥယျဉ် (ဣသရေလ)သည်ဘုရားရှင်အားချီးမွမ်းသီဆိုကြမည်။ ဘုရားသခင်ကစပျစ်ဥ ယျာဉ်အားနေ့ညဉ့်မပြတ်စောင့်ကြပ်မည်။ အမျက်ဒေါသသင့်ခြင်းအလျဉ်းမရှိ စေရ။ အကယ်၍ထိုစပျစ်ဥယျာဉ်အားမျက်စောင်းထိုးရန်ညိုးဖွဲ့သူပေါ်ပေါက်...