Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ထွက်မြောက်ရာကျမ်း ၂၁

    (ဂ) အထွေထွေပညတ်ချက်များ (အခန်း ၂၁–၂၄) ၁။ ကျေးကျွန်များ (၂၁:၁–၁၁)           ၂၁:၁–၆ ပညတ်တော်ဆယ်ပါးပြဌာန်းပေးပြီးနောက် ထိုပညတ်တော်နှင့် ဆက်နွယ်၍ အခြားအသေးဖွဲ ပညတ်ချက်များကိုလည်း ထုတ်ပြန်သည်။ ဟေဗြဲလူသည် အကြွေးမဆပ်နိုင်လျှင်၊ ခိုးရာဖမ်းမိလျှင်သို့မဟုတ် ကျွန်မိဘမှ မွေးဖွားလျှင်ကျွန်ခံရသည်။ သို့သော် ခြောက်နှစ်သာ ကျွန်ခံရသည်။ ခုနှစ်နှစ်မြောက်တွင် ကျွန်ဘဝမှ အလိုလိုလွတ်မြောက်သည်။ ကျွန်ဘဝတွင် ယူသောမိန်းမသည် လင်သားထောင်မှလွတ်သောအခါ လိုက်ပါကင်းလွတ်ခွင့်ရသည်။...

  • ထွက်မြောက်ရာကျမ်း ၂၂

    ၃။ ခိုးမှုနှင့် သူတစ်ပါးပစ္စည်းဖျက်ဆီးခြင်း (၂၂:၁–၆)           ၂၂:၁–၆ သူခိုးသည် ခိုးယူမှုအတွက် လုံးဝတာဝန်ရှိသည်။ သို့သော် ခိုးယူသည့် ပမာဏ အပေါ်တွင် တန်ဖိုးဖြတ်ရသည်။ အကယ်၍ ညမှောင်မိုက်ထဲမှာ ခိုးယူနေစဉ် အသက်ခံရလျှင် အမေးအမြန်းမရှိ။ သို့သော် နေ့ခင်းကြောင်တောင် တွင် ခိုးယူနေစဉ်မူ သူခိုးအား သတ်ပိုင်ခွင့်မရှိ။ အပိုဒ်ငယ်(၁)ပါ သူခိုးသည် မူလပုံမှန်အတိုင်း ပြန်လျော်၍မရ။ အရောင်းခံရသောကျွန်ကဲ့သို့ဖြစ်သည်။...

  • ထွက်မြောက်ရာကျမ်း ၂၃

    ၂၃:၁–၁၂ တရားဓမ္မနှင့်ယှဉ်သောအခါ မှားယွင်းသောသတင်းအချက်အလက်မပြောရ။ မိုးခါးရေသောက်၍ မမှန်သည့်ဘက်တွင် မရပ်တည်ရ။ သူဆင်းရဲသားကို ကြည့်၍ မျက်နှာသာ ပေးခြင်း၊ မျက်နှာလိုက်ခြင်းမပြုရ။ တရားသဖြင့် ရပ်တည်ပါ။ သင့်ရန်သူ၏ တိရစ္ဆာန်ဘေးဒုက္ခရောက်နေသည်ကို မမြင်ချင်ယောင် မဆောင်ရ။ သင်နှင့်မျက်နှာကြော မတည့်သူအား မတရားသဖြင့် မစီရင်ရ။ ဖိနှိပ်ခြင်းမပြုရ။ လယ်ယာလုပ်ကိုင်ရာတွင်လည်း ခုနှစ်နှစ်မြောက်တွင် လယ်ကိုအနားပေးရမည်။ ထိုနှစ်တွင် ပေါက်ရောက်သော အလေ့အကျပင်များသည် မရှိဆင်းရဲသားများအတွက် ချန်ထားရမည်။...