ထွက်မြောက်ရာကျမ်း ၂၇
၇။ ကြေးဝါယဇ်ပလ္လင်နှင့်မီးရှို့ပူဇော်ခြင်း (၂၇:၁–၈) ၂၇:၁–၈ ယဇ်ကောင်မီးရှို့ရာယဇ်ပလ္လင်ကို ကြေးယဇ်ပလ္လင်ဟုလည်း ခေါ်တွင်ကြသည်။ ထိုယဇ်ပလ္လင်ကိုလည်း အကာရှသားဖြင့်ပြုလုပ်၍ ကြေးသွန်းထားသည်။ ၇ ၁/၂ ပေစတုရန်းပုံစားပွဲဖြစ်၍ ၄ ၁/၂ ပေမြင့်သည်။ ထောင့်လေးထောင့်တွင် အကာရှသားဖြင့်ပြုလုပ်သောချိုတပ်ဆင်၍ ထိုဦးချိုများကိုလည်း ကြေးဝါသွန်းထားသည်။ တစ်ဘက်တစ်ချက်တွင် ကွင်းတပ်ဆင်၍ လျှိုထမ်းကြရသည်။ ၈။ တဲတော်ဝင်း၊ တိုင်နှင့်ကုလားကာ (၂၇:၉–၁၉) ၂၇:၉–၁၉...